Arc (1.1)

1.3K 118 1
                                    

( လွန်းငယ်လို့သုံးပါမယ်)

* စေ ရေထလို့ရပီ။*
* 5မိနစ်ပဲ *
လက်ငါးချောင်းထောင်ပြပီးပြောလာတဲ့host ကတကယ့်ကလေးအတိုင်းပင်။

* စေရေ ခေါင်းပေါ်မှာပိုးဟပ်*

" အားးးးး ဘယ်မှာလဲ။ဖယ်ပေး "
( ချီး ငါ့hostကပိုးဟပ်ကြောက်တယ်ဟ)

* စတာပါ။အခုနိုးပီဆိုတော့ ထတော့ပုံမှန် လွန်းငယ်ကစောစောသွားပီးဇာတ်လိုက်မနဲ့ကန်တင်းသွားတယ်*

လွန်းငယ်ကိုယ်လက်သန့်စင်ပီးဗီဒိုထဲကအနက်ရောင်ဆွယ်တာလက်ရှည်နဲ့ဘောင်းဘီရှည်ကိုတွဲဝတ်လိုက်တယ်။လွန်းငယ်ရဲ့ပုံဟာအရမ်းကြည့်ကောင်းသည်။မျက်လုံးစိမ်းလေးတွေနဲ့ဖြူဖွေးတဲ့အသားရည်ရှိပီးအညိုတုရောင်ဆံပင်လေးတွေအုပ်အုပ်လေးနဲ့ကြည့်ကောင်းသည်။အရပ်၆'၁ရှိပီးကြွက်သားရေးရေးလေးတွေရှိသည်။
ကျောင်းအိတ်အနက်ရောင်လေးကိုလွယ်ပီးအောက်ကိုဆင်းလာသည်။

" အယ်သား ကျောင်း‌ေနာက်ကျတယ်နော်။ထူးဆန်းလို့"

လွန်းငယ်ရဲ့မိဘတွေနဲ့ကသိပ်တော့မစိမ်းပေ။သူကသီးသန့်ဆန်နေပေမဲ့မိဘတွေနဲ့ တော့အဆင်ပြေသည်။

" မေမေ ကျွန်တော်ကားယူသွားမယ်နော် "

" ဟေ ငါ့သားကကားယူသွားမယ်။အရင်ကယူဆို မစီးဘဲ busနဲ့သွားပီးတော့"

" အို ရှင်ကလည်းသားကို။ယူသွားသား ကြိုက်တာယူသွားလိုက်"

" ဟုတ် ဒါဆိုကျွန်တော်သွားတော့မယ်"

‌ကားအနက်ရောင်တစ်စီးကျောင်းရှေ့မှာရပ်သွားသည်။ဘယ်သူဆင်းလာမယ် ဆိုတာကိုသိချင်နေကြတယ်။
ကားတံခါးကနေ အနက်ရောင်သာဝတ်ထားတဲ့ဘူတစ်ယောက်ထွက်လာတယ်။ဒါ လွန်းငယ်ဖြစ်သည်။
ထိုအချိန် လွန်းငယ်နားအား မိန်းကလေးတစ်ယောက်‌ယောက်လာသည်။တခြားသူ‌ေတာ့မဟုတ်ဇာတ်လိုက်မသာဖြစ်သည်။

" လွန်း ငါနင့်ကိုစောင့်နေတာ။"
သူမကချစ်စရာကောင်းတဲ့အသံနဲပြောသည်။

" အင်း ကိုနောက်ကျသွားတယ်။စားပီးပီလား "

" အင်းလွန်းရော "

System BamWhere stories live. Discover now