Arc (1.5)

1.2K 85 3
                                    

အပေါ်ကစေ ဝတ်ထားတဲ့ပုံစံမျိုးပါ။

Unicode


ဘာလိုလိုနဲ့ကျောင်းဆင်းပွဲတောင်ရောက်လာခဲ့ပီ။

သူမကအနီရောင်ဂါဝန်ကိုဝတ်ဆင်ထားသည်။သူမက နီရဲနေတဲ့နှုတ်ခမ်းတို့ဖြင့်အပြုံးတစ်ခုချိတ်ဆွဲထားသည်။ဇာတ်လိုက်မဆိုတဲ့ရောင်ဝါကြောင့်သူမမှာပို၍ပေါ်လွင်သည်။လူတွေကသူမကိုတကြည့်ကြည်နဲ့။လူတွေရဲ့အာရုံစိုက်မှုကိုရတာသူမသဘောကျတယ်။လူတိုင်းရဲ့မျက်လုံးထဲမှာသူမသာ မြင် စေချင်တယ်။သူမရဲ့ဆန္ဒကလည်းပြည့်ဝပါတယ်။အခုချိန်မှာသူမကလူတိုင်းရဲ့မျက်လုံးထဲမှာ အကောင်းဆုံးသူတစ်ယောက်သာ။သူမကျေနပ်တယ်။ဒါတွေကသူမကိုပျာ်ရွှင်စေတယ်။သူမရဲ့ပျော်ရွှင်မှုကအချိန်တစ်ခုရောက်ခင်မှာအဆုံးသတ်သွားတယ်

' အရမ်းတွေရှုပ်နေပါလား။ပျော်ထားလိုက်အုံးပေါ့ တညတာထဲမှာအကုန်ပြောင်းလဲသွားစေရမယ်။'

" အန်တီ လွန်းငယ်ကော "

" သားသူငယ်ချင်းကမပီးသေးဘူးနဲ့တင်တယ်။ဆင်းမလာသေးဘူး"

" ဒါဆိုကျွန်တော်အပေါ်တက်သွားလိုက်မယ်နော် "

ဒေါက် ဒေါက်

မောင်တံခါး‌ ခေါက်ခိုက်ပေမဲ့ပြန်ဖြေသံမကြားတာကြောင့်ဝင်သွားလိုက်တယ်။အခန်းထဲတွင်လွန်းငယ်မှာကုတင်ခြေရင်းတွင်ထိုင်နေသည်။

အဖြူရောင်အကျီနဲ့အညိုရောင်ဘောင်းဘီရှည်ကိုတွဲဝတ်ထားပီးနီဆွေးရောင် လက်ရှည်ကိုထပ်ဝတ်ထားသည်။ငွေရောင်မျက်မှန်လေးကိုတပ်ထားပီးဖုန်းကိုသာအာရုံစိုက်နေသည်။

" ကိုယ် မင်းမကြားတာကြောင့်ဝင်လာခဲ့တာ "

" အင်း သွားမယ် လာခေါ်တာမလား"

မောင့်အားတစ်ချက်ကြည့်ကာမျက်မှန်လေးကိုချွတ်ပီးထွက်သွားသည်။

' လွန်းငယ် မောင့်ကိုတအားစိမ်းနေတာလဲ'

စေမှာ ဇာတ်လိုက်ကလာကြိုမယ်လို့သူ့ရဲ့အမေဖြစ်သူကမှာထားတာကြောင့်အခန်းထဲတွင်ထိုင်စောင့်နေခြင်း။

System BamWhere stories live. Discover now