Arc (1.7) Final

1.1K 75 2
                                    

Unicode

-
-
-
-

စေ မှာကုတင်ပေါ်တွင်ကျောက်ရုပ်သဖွယ်ရုပ်နေသည်။

ဘမ်ကစေ့ကိုကြည့်ပီးသေချာပြောလိုက်တယ်။

( စေ စိတ်ထဲသိပ်မထားပါနဲ့ နောက်ပီး
လွန်းငယ်ကဒီနေ့ထိအသက်ရှင်ရင်မစ်ရှင်အောင်မြင်ပါပီ)

' အင်း '

ညနေက

လွန်းငယ်ကအိပ်နေတာကြောင့်မောင်နိုးရခက်ခဲ့။
မောင်ပွေ့ချီရန်ပဲတက်နိုင်တာကြောင့်ကားပေါ်မှဆင်းကာလွန်းငယ်ရှိရာဘက်ကိုလာလိုက်တယ်။
သူခါးပတ်ချွတ်ပေးလိုက်တဲ့အချိန်မှာ
သူတို့နှစ်ဦးကအရမ်းနီးကပ်နေသလို
မောင်ရဲ့ခေ့ါင်းကလွန်းငယ်ရဲ့လည်ပင်းနားကို
ရောက်နေတယ်။

လွန်းငယ်ဆီကနို့နံသင်းသင်းလေးရတယ်။
ဒါသူတို့ ပထမတွေ့တုန်းကလို နံလေးပဲ။
မောင်ခါးပတ်ကိုချွတ် ပေးလိုက်ပီးလွန်းငယ်ကို
ပွေ့ချီဖို့ပြင်ပေမဲ့နိုးလာတဲ့လွန်းငယ်ကြောင့်မောင်ချီရန်
ပြင်ထားတဲ့လက်တွေကရပ်တန့်သွားတယ်။

" ကိုယ် မင်းမနိုးသေးလို့"

" မင်းစကားပြောရင်မောင်ဆိုမောင်
ကိုယ်ဆိုကိုယ်ပြောလို့မရဘူးလား။

" အာ ဟဲဟဲ "

" မင်းကိုယ်တစ်ချက်ဖယ်အုံး"

" ဟမ် လွန်းငယ်ချွေးတွေထွက်နေတာလား မှန်းစမ်း"

မောင် လွန်းငယ်ရဲ့နဖူးပေါ်ကိုလက်တင်လိုက်တော့ပူကျွတ်နေတာပဲ။

" နေမကောင်းပြန်ဖြစ်တော့မှာပဲ "

" ရတယ် နားလိုက်ရင်သက်သာသွားလိုက်မယ်"

"ဆေးခန်းမသွားလို့ဖြစ်ရဲ့လား"

" အင်း "

လွန်းငယ် ကားပေါ်ကဆင်းလိုက်တော့
မတ်တပ်တောင်မရပ်နိုင်ဘဲအ ရှေ့ကိုယိုင်သွားတယ်။

မောင်လဲ လဲကျလာတဲ့လွန်းငယ်ကို
ထိန်းပေးလိုက်တော့လွန်းငယ်က
မောင်ရင်ခွင်ထဲတောင်ရောက်နေပီ။

မောင်ရင်ခုန်မြန်လာတယ်။
ဒီကောင်လေးကိုယ်ကသေးလိုက်တာ။
လွန်းငယ်ကရုန်းနေတာကြောင့်မောင်ပိုတင်းစွာဖက်ထားလိုက်တယ်

System BamWhere stories live. Discover now