အပိုင်း(၁၀)

2.9K 204 13
                                    


         " နှစ်ပေါင်း ၂၀ကျော်နေပြီ!!......"

         "ခင်ဗျားကျွန်တော့်ကိုတို့ကိုပြစ်ထားခဲ့တာနှစ်ပေါင်း၂၀ကျော်နေပြီ ဒေါ်ကျန်းရွယ်!!.....ဘာလို့....အခုမှကျွန်တော်တို့ အိမ်ထောင်ရေးကို ခင်ဗျားစိတ်ဝင်စားနေတာလဲ!! ခင်ဗျား အရင်လိုပဲ ကျွန်တော်တို့ကို ပြစ်ထားလိုက်စမ်းပါ"

            "မင်းကိုယ့်အမေကိုဘယ်လို စကားပြောလိုက်တာလဲ.....ချောင်!"

             "ငါက မင်းအမေပါ...မင်းကိုငါဘယ် လောက် ခက်ခက်ခဲခဲမွေးခဲ့ရတယ်ဆိုတာသိရဲ့လာ အခုတော့မင်းက....ငါ့ကိုဒီလိုပဲမွေး ကျေးဇူးဆပ်လိုက်တာပေါ့လေ"

          "ကျစ်!!!!"

            "ခင်ဗျား ပြန်ပါတော့....ကျုပ်အိမ် ထောင်ရေးကို ကျုပ်ဘာသာပဲဆုံးဖြတ်မယ်!!!"

            ချောင်တစ်ယောက် မိခင်ဖြစ်သူကို မောင်းထုတ်ကာ စိတ်ပျက်မှုတို့အလီလီနဲ့ ထိုင်
ချလိုက်၏။

               နှစ်ပေါင်း၂၀ကျော်ကျော် မိမိတို့ညီ အစ်ကိုနှစ်ယောက်ကိုပြစ်ထားခဲ့သည့် ထိုမိခင်က အခုမှလာပြီး မိမိအိမ်ထောင်ရေးကိုလာစိတ်ဝင်စားနေသည်မို့ ချောင်တစ်ယောက်စိတ်ပျက်ခြင်းများစွာဖြင့် ရှိလို့နေ၏။

              "တီ....တီ!"

           ထို့နောက် ချောင်မှာ စိတ်ပျက်ခြင်းအချို့နဲ့ မိမိအိပ်ကပ်ထဲမှ ဖုန်းအားဆွဲထုတ်လိုက်ကာ Wangဟု မှတ်ထားသည့်ဖုန်းနံပါတ်လေးဆီသို့နှိပ်လိုက်ပါ၏။

               "ဟယ်လို....ဝမ်ရိပေါ်!"

               "ကျုပ်....ဝမ်ချောင်!"

          ဝမ်ချောင်ဖုန်းစထုတ်ကာ ဆက်သည်နှင့် နံဘေးသို့ရပ်ကာ ချောင်းနေသူကတော့ ကျင်းလင်ပင်။အခုတလော အစ်ကိုဖြစ်သူမှာအပြောင်းလဲကြီးပြောင်းလဲသွားကာ ကိစ္စတစ်ခုခုအားမိမိ မသိအောင်ကြိတ်ကြံနေကြောင်းကိုသိသည်မို့ ကျင်းလင်မှာအစ်ကိုဖြစ်သူအားလိုက်ကာစောင့်ကြည့်နေမိ၏။အခုဆို မိမိလည်း အစ်ကိုဖြစ်သူရဲ့ အစီအစဥ်တွေကိုအတော်ကလေးသိနေပြီဖြစ်သည်။

                 "ဘာကိစ်စလဲ............"

                 တစ်ဖက်ဖုန်းဆီက ထိုအမေးကြောင့် ဝမ်ချောင်တစ်ယောက် မျက်ခုံးတို့ကိုတွန့်ချိုးရင်း ရယ်လိုက်၏။

ဇက္ကရာဇ်တဲ့လား...."မောင်က ဧက္ကရီလို့ပဲခေါ်လိုက်ချင်တာ("မောင့်ဧက္ကရီကျန့်..")ComplWhere stories live. Discover now