အပိုင်း(၁၆)

2.4K 123 3
                                    


       "ထိုင်းရိုးရာ လွိုင်ကထုံမီး​မျှောပွဲ​တော် "

                (ลอยกระทง)

         နောက်တစ်နေ့ရောက်တော့ ကျောက်ဖယားမြစ်မှာ လွိုင်ကထုံ မီးမျောပွဲတော်နှင့်ကြုံသည်မို့ ရှောင်ကျန့်နှင့်ရိပေါ်တို့ ကျောက်ဖယားမြစ်တစ် ဝိုက်မှာ သင်္ဘောစီးရင်းနဲ့ပဲ လျှောက်လည်လိုက်ကြ၏။ရိပေါ်ကမူ ဇိမ်ခံသင်္ဘောကို တစ်စီးလုံးငှားလိုက်သည်မို့ ကျောက်ဖယားမြစ်ထဲမှာပတ်နေသည့် သူတို့ရဲ့ ဇိမ်ခံသင်္ဘောကြီးက မီးရောင်တို့ တလွင့်လွင့်နဲ့ဖြစ်ကာ ထို့နောက် ညအချိန်မြစ်အတွင်းမှာလေအေးအေးတို့တိုက်သည်မို့ ကြင်နာသူရဲ့ပုခုံးထက်သို့ သူယူ ဆောင်လာသည့် ရိုးရာပုဝါလေးအား ရိပေါ်မှာလွမ်းခြုံပေးလိုက်ပါ၏။

              ဒီညမှာ ဝမ်ရိပေါ်ဟာ ထိုင်းရိုးရာ ဝတ်စုံနဲ့ပဲဖြစ်ကာ ရှောင်ကျန့်မှာတော့ ဝတ်လို့အဆင်မပြေတာမို့ သူဝတ်နေကြတီရှပ်ခပ်ပွပွတစ်ထည်နှင့် ထိုင်းရိုးရာ အီင်္ကျီလေးကိုသာ အပေါ်ထပ်အဖြစ်သာ လွှမ်းခြုံလို့လာလိုက်ပါ၏။

               ထို့နောက် သူတို့သင်္ဘောက ကျောက်
ဖယားမြစ်ဆိပ်ကမ်းသို့ကပ်သည်နှင့် သူတို့လည်း ကုန်းပေါ်သို့တက်လိုက်ကြကာ ကုန်းပေါ်မှာသွားလာနေကြသည့် ထိုင်းရိုးရာဝတ်စုံနဲ့ လူအုပ်ကြားမှာ လွိုင်ကထုံရိုးရာပွဲအကြောင်းရှင်းပြနေ
သည့် ထိုင်းလူမျိုး ဂိုက်အချို့တို့နဲ့ လွိုင်ကထုံ မီးမျှောပွဲအကြောင်းကိုရှင်းပြနေသူတို့ရဲ့ စကားသံ
တို့ဟာ လူအုပ်ကြားထဲမှာမာအပျံ့ပျံ့အလွင့်နဲ့ပါပင်.......

            ထို့ကြောင့် ရိပေါ်မှာနှင့်ရှောင်ကျန့်မှာလည်း  လွိုင်ကထုံပွဲအကြောင်းအသေးစိတ်ရှင်းပြနေသည့်
လူတစ်ချို့နားတွင်သွားရပ်ကာ နားထောက်လိုက်ကြ၏။
          
       "လွိုင်ကထုံ ဆီမီးမျှောပွဲတော်ဖြစ်သည့်  လွိုင်ကထုံ ပွဲတော် ဟာ ထိုင်းသက္ကရာဇ် ၂၄၆၅ကျော်ကတည်းက စတင်ပြီးထွန်းကားလာတဲ့ယဉ်ကျေးမှုဖြစ်ပြီး  နှစ်ပေါင်း တစ်ရာကျော်တည်းကနှစ်စဉ်နှစ်တိုင်းကျင်းပလာတဲ့ပွဲတော်ဖြစ်ပါတယ် ဆီမီးမျှောပွဲတော်ကြီးဟာ အာရှ၏ ယဉ် ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး  လောကကိုဖန်တီးပေးသည့် ဗုဒ္ဓဘုရား သခင် ၊ ရေနတ်ဘုရား၊ ဟိန္ဒူနတ်ဘုရား ဂင်္ဂါ (အိန္ဒိယမြောက်ပိုင်းရှိ မြစ်)နှင့် ရေနတ်သမီး အစရှိသည့်လောကပါလနတ်မင်းတို့အား ကျေးဇူး တင် ရည်ရွယ်ပြီးကျင်းပတဲ့ဆီမီးထွန်း ပွဲတော်တစ်ခုဖြစ်ပြီး  လွိုင်ကထုံဆီမီးမျှောပွဲတော်သည် ပြုလုပ်ခဲ့ဖူးသော အမှားများခွင့်လွှတ်ရန်နှင့် မေ့ပျောက်ရန် ၊ နေ့သစ်များကိုဖန်တီးနိုင်ရန် တောင်းဆုလေးတွေခြွေပြီး ဆီမီးရေမျှောတဲ့ပွဲဖြစ်ပါတယ်၊ ထိုင်းနိုင်ငံရဲ့အစဉ်ကားဆုံးဖြစ်သည့်  လွိုင်ကထုံပွဲတော်ကိုဘန်ကောက်မြို့ကျောက်ဖရားမြစ် တွင်ကျင်းပပြီး  ထိုင်းလူမျိုးများအပြင် အခြားနိုင်ငံသားများပါလာရောက်မီးမျှောကြတဲ့ပွဲမို့ အင် မတန်စည်ကားတဲ့ပွဲဖြစ်ပါတယ် မြစ်ကမ်းတစ် လျှောက် လှပသေသပ်စွာပုံဖော်ထားသည့်ပန်းနှင့်  ကြာပန်းပုံသဏ္ဉာန်ပုံဖော်ထားသည့်ပန်းခြင်း ထွန်းညှိထားတဲ့ မီးပန်းပွင့်များနှင့် ဖယောင်းစက္ကူတွေပေါ်မှာထွန်းညှိထားတဲ့မီးလေးတွေကိုမြစ်ပြင်အပြည့်လှပစွာတွေ့ရမည်ဖြစ်ပါတယ် ပွဲတော်မှာ လူတွေဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာ စုစည်းကြပြီး ကြာပန်းပုံသဏ္ဍာန် ဖောင်ငယ်လေးတွေကို ရေထဲမှာ မျှောကြပါတယ် ငှက်ပျောဖူးက များသော အားဖြင့် ကြာပန်းပုံသ ဏ္ဍာန် ဖြစ်ပြီး ပန်း၊ ဖယောင်းတိုင်တွေနဲ့ အလှဆင်ထားကြပါတယ်"

ဇက္ကရာဇ်တဲ့လား...."မောင်က ဧက္ကရီလို့ပဲခေါ်လိုက်ချင်တာ("မောင့်ဧက္ကရီကျန့်..")ComplWhere stories live. Discover now