အပိုင်း(၁၂)

3K 170 7
                                    

💢Warningနည်းနည်းပါပါတယ်💢  မဖြစ်စလောက်မို့ 💢ကလေးကလွဲရင်အကုန်ဖတ်လို့ရပါတယ်....

🔞💙"

        အိပ်ယာနိုးလို့ နံဘေးသို့စမ်းကြည့်လိုက်သောအခါ အေးစက်စက်အငွေ့အသက်ကြောင့်
ရိပေါ်မှာ သူမျက်လုံးကို ဖျပ်ခနဲဖွင့်ကြည့်လိုက်ပါ၏။

                "ကျန့်....!"

              ထို့နောက် ရိပေါ်မှာ နင်ဂျာတစ်ယောက်လို အိပ်ယာပေါ်မှခုန်ဆင်းကာ လှေကားထစ်များဆီသို့
ဘယ်နှစ်ဆင့်ပင် ခုန်ပျံကျော်လွားနေသည်ကိုတောင် သူမသိတော့။

               "ကျန့်..!"

              "မောင်နိုး.....!"

              မီးဖိုးခန်းထဲဝင်နေသည့် ရှောင်ကျန့် နောက်မှအတင်းကာရော ပြေးဝင်လာသူကြောင့်
စကားမဆုံးခင်မှာပဲ သူဟာရင်ခွင်ကျယ်ကြီးဆီမှာသိမ်းကျုံးကာဖက်ခြင်းကို ခံလိုက်ရပါသည်။

            "မောင်က....မင်းသွားပြီ...မှတ်လို့!"

              မိမိအား တင်းကျပ်စွာနဲ့ဖက်လာသူ
ကြောင့် ရှောင်ကျန့်မှာ သက်ပျင်းတစ်ချက်ချလိုက်ပါ၏။မိမိတို့ ပြဿနာဖြစ်ခဲ့တာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကဆိုပေမဲ့ အစွဲအလန်းကြီးလွန်းတဲ့မောင်ကတော့ ခုထိလွန်ခဲ့တဲ့တစ်ပတ်မှာပဲရှိနေတုန်းပါပင်။အိပ်ယာနိုးတိုင်း သူ့ကိုခုလိုပဲအပြေးလာရှာတတ်ပြီးတော့ ခုလိုပဲဖက်ထားတတ်တုန်းပါပင်။

          "မောင်....ကျန့်တို့ ခရီးထွက်ကြမလား"

             မောင်စိတ်အပြောင်းအလဲလေးဖြစ်သွားဖို့ရာ မိမိပြောလိုက်လေတော့ မိမိအားလွှတ်ကာ မျက်မှောင့်ကြုံ့ကာကြည့်လာသည့် မောင်......

               မောင် ဘာတွေများအလိုမကျဖြစ်နေရသည်လဲ။
           
               "ကျန့်က.....မောင်နဲ့နေရတာ ငြီးငွေ့လာလို့လား!"

                ဘာတွေထင်နေရပြန်ပြီလဲ မောင်ရယ်။ရှောင်ကျန့် သက်ပျင်းလေးချကာ မောင့်ရဲ့ ရှေ့ဝဲဆံပင်တို့အား သပ်ကာတင်ပေးလိုက်တော့ အထင်း သားပေါ်လာတဲ့ မျက်ခုံးကြုံ့ကြုံ့အား သူ့လက်မလေးဖြင့် ဖိကာ​ဖြေပေးလိုက်ပါ၏။

ဇက္ကရာဇ်တဲ့လား...."မောင်က ဧက္ကရီလို့ပဲခေါ်လိုက်ချင်တာ("မောင့်ဧက္ကရီကျန့်..")ComplWhere stories live. Discover now