Chapter-2

831 47 14
                                    

Let's coax the male lead

အရင်က ဥပဒေအကြောင်းဆို လုံးဝမသိထားပေမဲ့ Niaက International Lawနဲ့ဘွဲ့ရထားတဲ့သူတစ်ယောက် ကျောင်းမှာလဲ ထူးချွန်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့တာမို့ သူမမှတ်ဉာဏ်တွေကို လက်ခံထားရတဲ့
ကိုယ့်အဖို့ ဘာမှပူစရာမရှိ ။ Niaနဲ့ ကိုယ်နဲ့ မှာ အကြီးမားဆုံးကွာခြားချက်၂ခုရှိတယ် ပထမတစ်ခုက Niaက Cyanကို နားမလည်ဘူး ကိုယ်ကနားလည်တယ် နောက်တစ်ခုက Niaကထူးချွန်ပေမဲ့ အလုပ်မှာ ယုံကြည်ချက်မရှိဘူး
ကိုယ်ကတော့မတူဘူး

Reception ကို သွားလိုက်ကာ

"Hello "

"Hello ဘာများကူညီပေးရမလဲ "

"ညီမက ဒီနေ့မှ Assistant Lawerအနေနဲ့အလုပ်စဝင်တာပါ ဘယ်အထပ်ကိုသွားရမလဲမသိဘူး "

"ခဏလေးပါနော် "

"ဟုတ်ကဲ့ပါ "
Companyရဲ့ Lobbyမှာ မျက်လုံးနည်းနည်းကစားကြည့်လိုက်တော့ အကုန်လုံးက အလုပ်ကိုယ်စီနဲ့ ပြေးလွှားနေကြတယ်။
ငါလဲ ဒီcompanyမှာ ဘယ်လောက်များလုပ်နိုင်မလဲ ။ငါဘယ်လောက်ကြိုးစားပါစေ Cyanက အဲ့ဒါကို အမိန့်တစ်ချက်တည်းနဲ့ ဖြုတ်ချပစ်လို့ရတယ် ။
အတွေးထဲမျောနေစဥ်

"Miss "

"Yes "

"15th floorကို တက်သွားပေးပါနော် "

"Thank you "

ဘယ်လောက်ဘဲ ယုံကြည်ချက်ရှိတယ်ပြောပြော ဓာတ်လှေကားက တဖြည်းဖြည်းအပေါ်တက်လာတာနဲ့အမျှ  နည်းနည်းတော့ ရင်တုန်နေတယ်
ဘာလို့ဆို ငါ့ရဲ့အထက်လူကြီးက....

"Hello "

"ဘယ်သူလဲ "

"Nia Kellerပါ Assistant Lawerအနေနဲ့ အလုပ်ဆင်းတာပါ "

"သြော် သိပြီ သိပြီ
မင်း ဟိုအခန်းထဲကို သွားရမှာ မင်းရဲ့ duty reportကို စောင့်နေတယ် "

ထိုသူညွှန်ပြတဲ့အခန်းဆီကို လျှောက်သွားလိုက်တဲ့အခါ တံခါးမှာကပ်ထားတဲ့ နာမည်က ထင်တဲ့အတိုင်း ....

"Hello "

"တွေ့ရတာဝမ်းသာပါတယ် ကျွန်မ Nia Kellerပါ "

"Blake Ryon ပါ
ထိုင်ပါ "
စူးရှတယ်ထင်ရပေမဲ့ သေချာကြည့်ရင် နူးညံ့တဲ့အစိမ်းရောင်မျက်ဝန်းတွေနဲ့ ပါးလွှာပြီးသေသပ်တဲ့နှုတ်ခမ်း Vပုံသဏ္ဌာန် မျက်နှာကျ ရှည်လျားတဲ့အရပ်နဲ့ Blakeကတကယ်ကိုချောမောတယ့်သူပါ။ သေချာပေါက် ပညာဂုဏ်ရနံ့တွေခံစားရစေတဲ့သူမျိုးပေါ့။
ဒါက အရင်Niaအကြိုက်ပေါ့လေ ။

Let's coax the male leadWhere stories live. Discover now