You + Me = ∞

3.1K 297 26
                                    

မှတ်စုစာအုပ်အသေးလေးပေါ်တွင် ရေးထားသည့် အင်္ဂလိပ်စာလုံးများကို ပါးစပ်မှ တတွတ်တွတ် ရွတ်ကာ ကျက်နေရင်းဖြင့် ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်နေပါသည့် ကျောင်းသားတစ်ယောက်ဟာ အထက်တန်းကျောင်းနားတွင် နေထိုင်သူ အတော်များများ မြင်နေတွေ့နေကျ ပုံရိပ်ပင် ဖြစ်လေ၏။

ထိုကျောင်းသားငယ်လေးအပြင် သူတို့ မြင်တွေ့နေကျ ဖြစ်လေသည့်အရာမှာတော့ သူ့ဘေးတွင် အရိပ်ကလေးတစ်ခုလိုမျိုး ကပ်လိုက်နေပါသည့် နောက်ထပ် ကျောင်းသားလေးတစ်ယောက်ပင်။

" ဟာအိုဟျောင်း ဒီနေ့ စာမေးပွဲသွားဖြေရမှာဆို ၊ ဟျောင်းက တော်ပြီးသားဆိုတော့ အမှတ်အပြည့်ပဲရမှာပါ ၊ ကျွန်တော်သိပါတယ် "

စာအုပ်ကို ကိုင်ရင်း စာကျက်နေသည့် ဟာအို ဆိုသော တစ်ယောက်က ‌ဘေးတွင် နေပြီး စကားတတွတ်တွတ် ပြောနေသည့်လူကို ဖွဖွလေး မျက်စောင်းလှမ်းထိုးလာ၏။

" ငါ စာပြန်နွှေးနေတယ်လေ ဆောင်းဟန်ဘင်း "

ထိုအခါမှသာလျှင် ဆောင်းဟန်ဘင်းဆိုသည့် တစ်ယောက်က ပါးစပ်ကို ဇစ်ဖြင့် ဆွဲပိတ်လိုက်သလိုမျိုး အမူအရာလေး လုပ်ပြလိုက်ပြီးနောက် ဘာစကားမှ မပြောတော့ဘဲ ဘေးမှ ဖြည်းဖြည်းချင်းသာ လျှောက်ပြီး လိုက်လာခဲ့တော့သည်။ သို့သည့်တိုင် ထိုတိတ်ဆိတ်မှုဟာ မိနစ်ပိုင်းလောက်တောင် မခံခဲ့။

" ဟာအိုဟျောင်း ကျွန်တော် ဖက်လို့မရဘူးလား "

ကျန်းဟောင့်ဟာ ထိုစကားကို ကြားလိုက်သည်နှင့် အနည်းငယ်မျှ စိတ်ညစ်သွားသည့် မျက်နှာဖြင့် လှမ်းကြည့်လာခဲ့သည်။

" ဆောင်းဟန်ဘင်း လူကြားထဲဆို ပွတ်သီးပွတ်သပ် မနေပါနဲ့လို့ ပြောပြီးသားပဲကို "

" ဒါပေမဲ့ ပခုံးလေး ဖက်ရုံပဲလေ ၊ ကျွန်တော်တို့ နေ့တိုင်း ဒီလမ်းပေါ်ကနေ ဖြတ်သွားဖြတ်လာ လုပ်နေကျပဲကို ဘယ်သူက ဘာများ ပြောလို့လဲ "

ဟန်ဘင်းက မတရားသလိုမျိုး အသံလေးဖြင့် လေသံဖျော့ဖျော့လေး သုံးပြီး ပြောလာခဲ့သည့်အခါ ကျန်းဟောင့်၏ တင်းထားသည့် စိတ်များက ချက်ချင်း အရည်ပျော်ကျချင်လာခဲ့၏။ သို့သည့်တိုင် ဟန်ဘင်းက အလိုလိုက်ပေးပါလျှင် ပေးသည်ထက် ပိုယူတတ်ကြောင်း သိလေသည့်အတွက် ကျန်းဟောင့်က အလျှော့တော့ မပေးခဲ့ပါချေ။ ထို့ကြောင့် စာအုပ်ကိုသာ ပြန်စိုက်ကြည့်လိုက်ပြီး တပြေးတည်း ဖြစ်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

Midnight Fictions : BNB One ShotsDonde viven las historias. Descúbrelo ahora