Part [5]

282 48 29
                                    

Part {5}

ဒယ်ဒီ...

သတင်းစာဖတ်နေသောဒယ်ဒီသည်ဆော့ဂျင်ခေါ်သံကြောင့် ကြည့်လာသည်။ မာမီကတော့ဘေးမှာချည်ထိုးနေလျက်..သူပြောမဲ့စကားကိုသိနေပေမဲ့နားစွင့်နေသည်။

သား..သား..ပဲရစ်ကိုသူငယ်ချင်းနဲ့အလည်ပတ်လိုက်သွားခြင်းလို့။

ဆော့ဂျင်စကားကိုပတ်မပြောတော့ပဲလိုရင်သာအမြန်ပြောလိုက်သည်..။ ဒယ်ဒီသည်သူ့စကားအပေါ်အလိုမကျသလို ကြည့်လာသည်။

ဘယ်နှစ်ရက်ကြာမှာလည်း...

ဟို..တစ်..တစ်လပါ ဒယ်ဒီ။

အွန်း..သူငယ်ချင်းကဘယ်သူလည်း။

ဟို..ဟိုဆော့ပါ ဒယ်ဒီ။

ဆော့ဂျင်စကားကြောင့် သူအဖေမျက်ခုံးပင့်သွားကာ..အံဩနေသည်။ အံဩလည်း အံဩခြင်းစရာပဲလေဆော့ဆော့အကြောင်းကို သူအဖေလည်းသိနေတယ်လေ။

ဒယ်ဒီသည် တည့်တံ့နေသောသူမျက်နှာထက်ဝယ် အပြုံးတစ်ခုရောက်လာခဲ့သည်။

သားတို့က..စွန့်စားနေကြပြီပေါ့!

ဆော့ဂျင်ဂုတ်ပိုးကိုပွတ်သပ်ကာ ရယ်ပြလိုက်
သည်။

ကောင်းပြီ..သွား။

ဗျာ!

ဆော့ဂျင်မျက်လုံးများအရောင်အလက်လက်ဖြစ်သွားသည်။ သေချာပေါက်ငြင်းမယ်ထင်ထားတာ..

မင်းလည်းအရွယ်ရောက်နေပြီပဲ..ငါမတားတော့ပါဘူး။ ဒါပေမဲ့.....

ပြောလေ ဒယ်ဒီ!

ဆော့ဂျင်တက်တက်ကြွကြွသူအဖေကိုမေးလေသည်။

ထားပါ...ဒါနဲ့မင်းတို့ဘာနဲ့သွားကြမှာလည်း..။

ဈေးလည်းသက်သာ..ပေါ့ပေါ့ပါးပါး ပျော်ပျော်ကြီးစီးလို့ကောင်းတဲ့ ရထားကြီးနဲ့သွားဖို့စဉ်စားထားတယ်။

~~~~
ဘယ်လို ရထားနဲ့! ရား!! ဟေ့ယျောင့် မင်းမနောက်နဲ့!

ကျစ် မနောက်ဘူး!!..ရထားနဲ့ပဲသွားမယ်။

ရထားနဲ့သွားမယ်ဆို ရထားတစ်မျိုးထဲနဲ့မရောက်ဘူးနော်ဟေ့ကောင် ကားတွေဘာတွေအဆင့်ဆင့်နဲ့ရားရား..အလုပ်ရှုပ်ခံပြီကွာ ကင်မ်ထယ်ယောင်းမင်းကျပ်ကောပြည့်ရဲ့လာ။

"နှလုံးသားလေကထိန်းမရတော့လို့ သတို့သားလေကိုခေါ်သွားမယ်"Where stories live. Discover now