Part [6]

282 51 22
                                    

Part {6}

ဘုတ်!!

အဝတ်ထည့်ထားသည့်အိတ်ကိုဘေးတစ်ဖက်သို့ကပ်လိုက်ကာ...ဆော့ဂျင်ဒေါင့်တစ်နေရာတွင်ထိုင်နေလိုက်သည်။ ဘေးကနေ ပြောင်းစပ်စပ်မျက်နှာနှင့်ထိုင်သော သူကိုမျက်စောင်းထိုကာ...မသွားခင်က ဂျင်နီမထည့်ပေးလိုက်သည့် အချစ် ပုံပြင်စာအုပ်ကိုယူကာ အပျင်းပြေဖတ်နေလိုက်သည်။ဟိုကျောက်ကျောမျက်နှာကို မမြင်ခြင်းတာလည်းပါသည်။

Seokjinတစ်ယောက် ဖတ်ရင်တဖြေးဖြေး စိတ်ဝင်စားလာကာ..စာအုပ်နှင့်မျက်နှာမခွာနိုင်ပဲဖြစ်နေခဲ့သည်။ ဘေးကဘယ်သူဘယ်ဝါရှိနေသည်ကိုပင်မသိတော့...စာအုပ်အပေါ်အတော် စိတ်ဝင်စားမူ့ကြီးဆိုလာသည်။

ကောင်ကွေးမ!..ဒီတစ်ခါတော့ တော်တယ်..။

စိတ်ထဲ၌ သူညီမကိုအမှတ်ပေးလိုက်ကာ...ဆော့ဂျင်ဆက်ဖတ်ရန်ပြင်လိုက်သည်။ ထိုစဉ်မှာပဲ...ရေးမွှေးအနံ့ခပ်ပြင်းပြင်းမဟုတ်ပေမဲ့ သင်းသင်းလေရှိနေသော အမွှေးအနံ့တစ်ခုရသဖြင့် ဆော့ဂျင်ဘေးဘီဝဲကြည့်မိရာ.........

မင်း!!!

အကြောင်းမှာ ဟိုကျောက်ကျောမျက်နှာနဲ့လူသည် သူဘေး‌တွင်ရောက်ရှိနေသောကြောင့်ပင်။

ဘာတွေဖတ်နေတာလည်း...

မင်း နဲ့ဘာဆိုင်လည်း!!

ဆိုင်တော့မဆိုင်ပင်မဲ့ ခင်ဗျာလေးကအဲ့တာကြီးကိုအတော်စိတ်ဝင်စားနေတော့ ဘာမြန်လည်းလို့...

ဘာမှ မဟုတ်ဘူး..။

အဟား..မင်းသိလာ..ကိုယ့်ကိုအကန်တွေပြောတာမင်းတစ်ယောက်က first ပဲ။ တစ်ချို့တွေကြတော့ ကိုယ့်ကိုဆိုအရမ်းခယလွန် လို့ ကိုယ်မနေတတ်တဲ့ထိတောင်ဖြစ်ဖူးတယ်။

အဲ့တော့ ငါကဘာလုပ်ရမှာလည်း!!

တကယ်ပါ ဒေါင့်မကျိုးယုံတင်မဟုတ်ဘူး ဘဝင်ကလည်းရူးသေးတာ...ဟူး..ဒီလူရှိကအမြန်လွတ်မြှောက်ပါစေပဲဆုတောင်းတယ်။

ဘာမှ လုပ်စရာမလိုပါဘူး..ကိုယ့်ကဒီတိုင်းပြောပြတာ!

ဆော့ဂျင် ဘာတစ်လုံးမှမဆို တော့ပဲ စာအုပ်ထဲသာအာရုံပြန်ထည့်လိုက်သည်။

"နှလုံးသားလေကထိန်းမရတော့လို့ သတို့သားလေကိုခေါ်သွားမယ်"Where stories live. Discover now