အခန်း(၁)ကျောက်ဟွာဘုံကျောင်း

36 5 0
                                    

(Unicode)

ကျောက်ဟွာဘုံကျောင်း၌ဖြစ်သည်။တရားဓမ္မအားကျင့်ကြံကာ တိတ်ဆိတ်မှုကိုသာနှစ်သက်ကြသော နေရာဖြစ်သည့်အလျောက် ကိုယ်တော်များနှင့်ဘုန်းကြီးများမှာ ဘုရားစာအားတိတ်တဆိတ်ရွတ်ဖတ်ကာ တရားထိုင်သူ တရားမှတ်သူများသာရှိနေသည်။အရာရာကအေးချမ်းနေကာ ငှက်ကလေးများရှဥ့်ကလေးများ၏ တကျိကျိအသံလေးများက ကြားရသူအဖို့ တေးသံသာအလားပင်။

သဘောထားကြီးသော ဝူချန်ကိုယ်တော်ကြီးက တစ်ချိန်ကမိစ္ဆာမျိုးနွယ်စု၏အရှင်သခင်ဖြစ်ခဲ့သော ထျန်းလန်ကျွင်းအား ကျောက်ဟွာဘုံကျောင်း၌ ထိန်းသိမ်းထားမည်ဟုအမည်ခံကာ ကူညီကယ်တင်ပေးထားလေသည်။အနှီကိုယ်တော်ကြီးမှာ ထျန်းလန်ကျွင်းကြောင့် သူ၏ခြေနှစ်ဖက်အားဆုံးရှုံးထားရပါသော်လည်း မည်သို့သောအငြိုး တစ်စတစ်လေမျှမရှိပါလေပဲ ကယ်ထားခြင်းပင်။

နတ်မိစ္ဆာဖြစ်သည့်အလျောက် ထျန်းလန်ကျွင်းမှာ ဒဏ်ရာများမြန်မြန်ကျက်ရုံသာမက ရှားပါးလှသော အမှားခြစ် ပေါများလှသော နေလနှင်းပန်းစေ့အသစ်ကိုရှာကာ ခန္ဓာအသစ်ပါလဲလှယ်လိုက်သည်။အမှန်တရားများကိုသိပြီးနောက် သို့မဟုတ် လောကတွင် ဆိုးယုတ်သောလူသားများသာမက လူကောင်းများပါရှိသေးကြောင်း သူသိပြီးချိန်တွင် ဆက်လက်အသက်ရှင်ဖို့ဆုံးဖြတ်လိုက်သည့်ပုံပင်။

ထျန်းလန်ကျွင်းမှာ ဟိုးယခင်ကတည်းက ယခုအချိန်ထိ လူသားများအားသတ်ဖြတ်ရန် ကမ္ဘာလောကကြီးအားဖျက်ဆီးရန်ဆိုသော ရည်ရွယ်ချက်မျိုးလုံးဝမရှိခဲ့ပေ။ထိုမိစ္ဆာသခင်လေးမှာ ကိုယ်တိုင်ကအင်အားကြီးသော မိစ္ဆာမျိုးနွယ်တစ်ယောက်ဖြစ်ပါသော်လည်း ခံစားချက်မရှိပဲအာဏာနှင့်ကိုယ့်ကောင်းစားရေးသာတပ်မက်တက်ကြသော မိစ္ဆာတို့အား နှစ်သက်ခြင်းမရှိပါချေ။သူလုပ်ခဲ့သောတစ်ခုတည်းသောအမှားမှာ လူသားများအား သဘောကျခဲ့ခြင်းသာဖြစ်လိမ့်မည်။လူသားများကဲ့သို့အတုခိုးကာ လူသားများလို ပျော်ရွှင်စွာရယ်မောမည် ဝမ်နည်းစွာငိုကြွေးမည် မြတ်နိုးစွာ ချစ်ခင်မည် ဆိုသည်မှာတစ်ချိန်က သူလုပ်ကြည့်ချင်ခဲ့သော အရာလေးများပင်။

ကျွင်းရှန့်ရယ်Where stories live. Discover now