(Unicode)
ဆေးနံ့များဖြင့်ပြည့်နှက်ကာ ခပ်မှိန်မှိန်အလင်းရောင်သာရှိနေသော အခန်းငယ်လေးထဲတွင် ယောက်ျားပျိုနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြလေသည်။ရုတ်တရက် ပိုရင့်ကျက်ပုံရသောလူက ကျန်လူအားသိမ်းဖက်ကာ ရင်ခွင်ထဲသို့မြုပ်လိုက်လေသည်။ထိုလူက ပါးစပ်မှလည်းကရားရေလွှတ်တတွတ်တွတ်ပြောနေသေးသည်။
"ကျူးကျစ်လန် ငါ..ငါ မင်းကိုပြန်ရှာတွေ့ခဲ့ပြီ"
ပထမဆုံးထွက်လာသောအသံမှာ ခံစားချက်များရောထွေးနေပုံရကာ အက်ကွဲနေသော ငိုရှိုက်သံလည်းရောစွတ်နေပေသေးသည်။ထျန်းလန်ကျွင်းက သူ၏လက်ရှိအခြေအနေကိုမယုံကြည်နိုင်သေးသယောင် ။ ပါးစပ်မှထပ်ကာထပ်ကာရေရွတ်နေပြီး လက်ကလည်း သူရှေ့ကလူအား မလွှတ်စတမ်းဖက်ထားလေသည်။
"ကျူးကျစ်လန် မင်း..ဘာလို့များ ဘာလို့များ ငါ့ကိုလာမရှာခဲ့ရတာလဲကွာ"
ထျန်းလန်ကျွင်းက ငြီးငြူကာဆူပူနေ၏။ထျန်းလန်ကျွင်း၏မျက်ရည်စများက အနှီလူငယ်၏ ပုခုံးကိုစိုစွတ်စေသော်လည်း ထိုလူက မည်သို့မျှအထွန့်မတက်ခဲ့ပေ။
"မဟုတ်ဘူး မင်းသာ အသက်ရှင်လျက်ရှိနေသေးကြောင်း အကြောင်းကြားလိုက်ရင် ငါသေချာပေါက် မင်းကို လာရှာလှည့်မှာပေါ့"
အနှီမိစ္ဆာမင်းသားလေးမှာ သူကိုယ်တိုင်ပင် မည်သို့ပြုမူနေမိမှန်းမသိလိုက်ပါပဲ မလွှတ်တမ်းဖက်ထားရင်းသာ ဆက်လက် ဆူပူနေမိလေသည်။
"ကျူးကျစ်လန် မင်းသိလား ငါလေ မင်းမရှိတုန်းက လမ်းတွေအများကြီးပျောက်ခဲ့သေးတာ"
"ငါ..ငါ တကယ် မင်းကိုတွေ့ချင်နေခဲ့တာ"ထျန်းလန်ကျွင်းမှာ အိမ်မှထွက်ပြေးကာ ဆိုးချင်တိုင်းဆိုးလာသော ကလေးက သူ၏အားကိုးရာ မိဘများအားပြန်လည်တွေ့လိုက်ရသလို သူခံစားခဲ့ရသောမကျေနပ်မှုများကို ဆက်လက်ထုတ်ဖော်တိုင်တောနေပြန်ပါသေးသည်။တစ်ဖက်လူငယ်မှာတော့ အခတ်တွေ့နေပုံရကာ မည်သည့်စကားမျှခွန်းတုံ့မပြန်ပဲ ထျန်းလန်ကျွင်း၏ကျောပြင်ကိုသာ အသာအယာပုတ်ပေးနေမိတော့သည်။
![](https://img.wattpad.com/cover/314344589-288-k660823.jpg)
YOU ARE READING
ကျွင်းရှန့်ရယ်
FanfictionJust a fanfiction of 2 side characters from "The scum villain's self saving system" by Mo Xian. ❗မူရင်းဝတ္ထုအားထိခိုက်စေလိုခြင်း အလျင်းမရှိပါ ။❗