အခန်း(၂)ငါမင်းကိုပြန်ရှာတွေ့ခဲ့ပြီ

23 6 0
                                    

(Unicode)

ထျန်းလန်ကျွင်း ကျောက်ဟွာဘုံကျောင်း၌ နေရသည့်နေ့ရက်များမှာ သူ၏အရင်နေ့ရက်များကဲ့သို့ပင် မည်သည်မျှထူးခြားလာသည်မရှိပေ။သို့သော် အနှီတစ်စုံတစ်ခုပျောက်ဆုံးနေသကဲ့သို့ခံစားချက်ကြီးမှာ အချိန်တစ်ခုကြာသည့်တိုင် မပျောက်ဆုံးသွားခဲ့ပေ။သူယောင်ရမ်းကာ ကျူးကျစ်လန်နာမည်ကို မကြာခဏခေါ်မိနေဆဲဖြစ်သည်။ထျန်းလန်ကျွင်းမှာတော့ အနှီတူတော်မောင်လေးအား တော်တော်လေးတွယ်တာမိနေ၍ဖြစ်မည်ဟုသာ ထင်ခဲ့သည်။ခံစားချက်များကိုသဘောကျသော်လည်း ထိုခံစားချက်ဆိုသည်များနှင့် မရင်းနှီးသည့် ထျန်းလန်ကျွင်းမှာကား လူအများလေးစားကြောက်ရွံ့ရသည့် အကြီးအကဲတစ်ဦးဖြစ်သည့်တိုင် ကလေးတစ်ဦးနှယ် မသိနားမလည်ပဲ ရောထွေးနေသည့်ခံစားချက်များကို ခွဲခြားနိုင်စွမ်းလည်းမရှိခဲ့ပါချေ။

ဝူချန်ကိုယ်တော်ကြီးက ထျန်းလန်ကျွင်းအဆောင်သို့ မကြာမကြာလာ၍တရားဟောသည်။ ထျန်းလန်ကျွင်းမှာ ကျူးကျစ်လန်အားမေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဘုံကျောင်း၌ရှိသမျှစာအုပ်ပေါင်းသောင်းချီကို လှန်လှောလေတော့သည်။ထိုသူမှာ မှတ်ဥာဏ်အလွန်ကောင်းကာ ဥာဏ်ရည်ဥာဏ်သွေးလည်းထက်မြတ်လှလေရာ အချိန်တိုအတွင်းမှာပင် ဝူချန်ကိုယ်တော်ကြီးနှင့်ယှဥ်၍ တရားဓမ္မအကြောင်းဆွေးနွေးလာနိုင်လေသည်။ ဝူဝမ့်ကိုယ်တော်ကြီးက ထျန်းလန်ကျွင်းအား အမြင်မကြည်သော်လည်း ဒုက္ခတော့မပေးပေ။ထိုကိုယ်တော်ကြီးမှာ နှင်ထုတ်၍လည်းရမနေတော့ ထျန်းလန်ကျွင်းအား မတွေ့အောင်ရှောင်ကာ လျစ်လျူသာရှုထားလိုက်တော့သည်။

လအနည်းငယ်အကြာမှာ ထျန်းလန်ကျွင်း၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာလေသည်။ကျောက်ဟွာဘုံကျောင်းဟာ အေးချမ်းပြီး နေလို့ကောင်းပေသည့် သူထိုနေရာတွင်ဆက်နေလိုစိတ်မရှိတော့ပါ။ဝူချန်ကိုယ်တော်ကြီးကို ဒုက္ခဆက်လက်မပေးလို၍ကလည်းတစ်ကြောင်းပါသေးသည်။ထို့ကြောင့် ဝူချန်ကိုယ်တော်ကြီးအားကျေးဇူးတင်ကြောင်းပြောကာ နှုတ်ဆက်ပြီးထွက်လာလိုက်သည်။ဝူချန်ကိုယ်တော်ကြီးမှာထျန်းလန်ကျွင်းနှင့်ရင်းနှီးကာအကြောင်းသိသွားပြီဖြစ်သဖြင့် စိတ်ရင်းဖြင့်ဆိုလေသည်။

ကျွင်းရှန့်ရယ်Where stories live. Discover now