🕊️Episode 6🕊️ᵘⁿⁱ+ᶻᵃʷᵍⁱ

800 66 2
                                    

M͟Y͟ I͟D͟O͟L͟ I͟S͟ O͟N͟E͟...
      
           M̥ͦY̥ͦ H̥ͦU̥ͦS̥ͦB̥ͦḀͦN̥ͦD̥ͦ I̥ͦS̥ͦ O̥ͦN̥ͦE̥ͦ***

u҉n҉i҉c҉o҉d҉e҉🦋𝔼ℙ[6]
✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰
ဒီနေ့ကျနော့် အလုပ်ပထမဆုံးရက်ပေ။နောက်တစ်ပါတ်တော့ Min Suga ၏Show ကိုလိုက်သွားရပေမည်။Min Suga နဲ့သာဆို ကျနော်ဘယ်သွားရ သွားရ ဘယ်အလုပ်ကိုလုပ်ရလုပ်ရပျော်ပါသည်။

"ကြွပါခင်ဗျ ဒီမှာပါ ကင်မ်ထယ်ယောင်းလုပ်ရမယ့်တာဝန်အချိန်ဇယားတွေပါ"

ခေါင်းငြိတ်ကာ တုံးပြန်လိုက်ပြီးနောက် ကျနာ်စာရွက်ကိုယူလိုက်သည်။ဒီနေ့အချိန်ဇယားက သိပ်မရှိ သို့သော် ...

"ကောင်းသောနေ့ပါ ထယ်ယောင်း"

"ဟင် ...အော ဟုတ်ကဲ့ကောင်းသောနေ့ပါ PD ကြီး"

"လာ ယွန်းဂီအခန်းထဲသွားရအောင်...ဒီနေ့ ယွန်းဂီ Photo Shoot ရှိတယ်"

"ဟုတ်ကဲ့ "

PD ကြီးဦးဆောင်ကာ ကျနော်နောက်မှလိုက်လေသည်။ဝန်ထမ်းအားလုံးလည်း သူတို့တာဝန်သူတို့ကောင်းမွန်စွာ နားနေခြင်းမရှိလုပ်ဆောင်နေပေသည်။

"ယွန်းဂီ လာပါဦး"

အကလေ့ကျင့်နေသူက PD ကြီးခေါ်သံကြောင့် ချက်ချင်းပင် အကကိုရပ်ကာ အေးအေးဆေးဆေးလျှောက်လာလေသည်။ချွေးအနည်းငယ်ကလည်းကျနေသည်မို့ ဆွဲဆောင်မှုရှိလိုက်တာ။စကားမပြောသေးဘဲ ရေဗူးကိုမော့သောက်လိုက်တော့ လယ်ဇလုတ်ကအထင်းသား။ကင်မ်ထယ်ယောင်းတံတွေးမြိုချမိလိုက်သည်။

"ရေသောက်ချင်လို့လား ထယ်ယောင်း...ထယ်ယောင်းလို့ပဲခေါ်မယ်နော် ရော့ သောက်လေ"

"ဟမ်...မသောက်ပါဘူး ခေါ်ပါ"

"ရေဆာနေတာမလား အားမနာနဲ့သောက်ပါ"

အတင်းကမ်းပေးလာသည်မို့ သူလက်ကမ်းကာယူလိုက်သည်။

"ကျေးဇူးပါ အကိုမင်ယွန်းဂီ"

"မျိုးရိုးထည့်မခေါ်လဲရတယ် ထယ်ယောင်း အဆင်ပြေသလိုခေါ်"

ဝန်ထမ်းအားလုံးသည် မင်ယွန်းဂီအား "မင်ယွန်းဂီ"ဟုသာနာမည်အပြည့်အစုံခေါ်ရပေသည်။ဒါကလည်းသူ့စည်းကမ်းပေ။သို့သော် ထယ်ယောင်းကိုတော့ သူသောက်သည့်ရေဗူးကအစပေးသောက်သလို နာမည်ကအစရင်းနှီးခွင့်ပေးသည်။

𝖬𝗒 𝖨𝖣𝖮𝖫 𝗂𝗌 𝗈𝗇𝖾...𝖬𝗒 𝖧𝖴𝖲𝖡𝖠𝖭𝖣 𝗂𝗌 𝗈𝗇𝖾*[𝘒𝘖𝘖𝘔𝘖𝘚]Where stories live. Discover now