M͟Y͟ I͟D͟O͟L͟ I͟S͟ O͟N͟E͟...
M̥ͦY̥ͦ H̥ͦU̥ͦS̥ͦB̥ͦḀͦN̥ͦD̥ͦ I̥ͦS̥ͦ O̥ͦN̥ͦE̥ͦ***u҉n҉i҉c҉o҉d҉e҉🦋𝔼ℙ[2]
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆"မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင် မင်းလုံခြုံရေးအတွက်စိုးရိမ်ရတယ် ဂျွန်ဂျောင်ဂု"
"အခုကဘာဖြစ်နေလို့လဲ PD ကြီး"
"ဟာ့ ဘာဖြစ်ရမလဲ...
ညကမင်း Night Out ထွက်တယ်မလား...ဖြစ်လာတဲ့ပြဿနာရှိရင်...""ကျနော်ရှင်းမှာ PD ကြီး စိတ်မပူလဲရတယ်"
နှုတ်ခမ်းမှတပ်ထားသော အကွင်းလေးအား ကစားကာ ပြောနေသော ဂျွန်ဂျောင်ဂုက အေးအေးဆေးဆေးပင်။
နမ်ဂျွန်းမှာ ကုပ်ကုပ်လေး ဆိုဖာထက်ဝယ်ငြိမ်နေမိလေသည်။ဒီလိုပြဿနာတွေက 1လကို 7ကြိမ်လောက်ဖြစ်နေကျပေ။
"မင်းကွာ တကယ်ပဲစကားပြောရဆိုရခက်လိုက်တာ။ကဲ....နမ်ဂျွန်း မင်းပဲကြည့်ပြောတော့ကွာ ငါလဲ Suga ရောက်နေတယ်ဆိုတော့ Live လွှင့်တာအဆင်ပြေလားသွားကြည့်ရဦးမယ်"
မြှားဦးကမိမိဘက်လှည့်လာသည်မို့ နမ်ဂျွန်းမှာ ပါးချိုင့်ကြီးများပေါ်အောင်အထိ PD ကြီးအားပြုံးပြကာဖြင့်....
"ဟုတ်ကဲ့ PD ကြီး...အငယ်ဆုံးလေးကိုကျနော် သေချာဆုံးမလိုက်ပါမယ်"
"ဟား...အေးပါကွာ အေးပါ မင်းရဲ့ဆုံးမစကားကိုနားထောင်ပါစေပေါ့"
*ကျစ်*စိတ်ပျက်စရာ...
PD ကြီးထွက်သွားတော့ နမ်ဂျွန်းလည်း ဂျွန်ဂျောင်ဂု နားရွက်ကိုပြေးဆွဲလိုက်လေတော့သည်။
"နာတယ်ဗျ အကိုကြီးကလဲ အား....လွှတ်ဗျာ"
"ဘာနာတာလဲ မင်းကြောင့် ငါပါနားပူရတယ်ကွ ကြည့်ဦး"
"အမြဲ PD လူပျိုကြီးက ဗြစ်တောက်ဗြစ်တောက်ပြောနေတာ ကျနေ့ာ်မှာ နားပူလှပြီဗျ"
"မင်းမှ စကားနားမထောင်တာကွ ခံပေါ့...
အဲ အဲ...နေစမ်းပါဦး အမောင်ဂဂျောင်ဂဂုရာ့ ငါမေးရဦးမယ်""ဘာ ဂဂျောင်ဂဂုလဲ?ဂျွန် ဂျောင် ဂု ဗျ!ဂျွန်ဂျောင်ဂု "
"မင်းကပြဿနာရှာတာကိုကွ ခေါ်မှာပဲ ဂဂျောင်ဂဂု"
BINABASA MO ANG
𝖬𝗒 𝖨𝖣𝖮𝖫 𝗂𝗌 𝗈𝗇𝖾...𝖬𝗒 𝖧𝖴𝖲𝖡𝖠𝖭𝖣 𝗂𝗌 𝗈𝗇𝖾*[𝘒𝘖𝘖𝘔𝘖𝘚]