M͟Y͟ I͟D͟O͟L͟ I͟S͟ O͟N͟E͟...
M̥ͦY̥ͦ H̥ͦU̥ͦS̥ͦB̥ͦḀͦN̥ͦD̥ͦ I̥ͦS̥ͦ O̥ͦN̥ͦE̥ͦ***u҉n҉i҉c҉o҉d҉e҉🦋𝔼ℙ[18]
✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰"Congratulations"
"ဟုတ်ကဲ့ PD ကြီး"
"လက်ထပ်ဖို့တော့မလုပ်ပါနဲ့ဦးနော် မင်းတို့ကိုအနုပညာအလုပ်ဆက်လုပ်စေချင်သေးတယ်"
"ဟုတ်ကဲ့ PD ကြီး လက်မထပ်သေးပါဘူး"
"အဟက် အ့"
ဂျောင်ဂုက ထယ်ယောင်း၏အဖြေကြောင့် ထရယ်လေတော့ ထယ်ယောင်းသည် ဂျောင်ဂု၏ ဗိုက်ခေါက်အားခတ်ဆတ်ဆတ်လေးလိမ်ဆွဲလိုက်လေ၏။
သူတို့နှစ်ယောက်ယခု PD ကြီးမှခေါ်တွေ့လေခြင်းပင်။နာမည်ကျသွားမည်ထင်သော်လည်း KookV Dating ဟာ ပရိတ်သတ်တွေကြားရေပန်းစားလှ၏။ Blamer တချို့ကတော့ရှိစမြဲပင်။သို့သော် တကယ့် Fan အစစ်တွေကပိုများ၏။အားလုံးထောက်ခံကြကာ လက်ထပ်ဖို့ကိုတောင်တိုက်တွန်းနေကြပေသည်။
"မထင်ထားဘူး ဂျောင်ဂုက ထယ်ယောင်းဂီး ကိုကြိုက်သွားမယ်လို့"
"ဟီး"
ထယ်ယောင်းကရယ်လို့သာပြ၏။ဂျောင်ဂုကတော့ ဘာမထီပုံစံမျိုးနဲ့ပေစောင်းစောင်းပင်။
"အွန်းပေါ့လေ အစကတည်းကမနိုင်စိန်ပဲ တော်သေးတာပေါ့ ထယ်ယောင်းသာအချိန်မီရောက်လာပြီး အခုလိုဂျောင်ဂုနှလုံးသားကိုထိန်းချုပ်နိုင်သွားပေလို့ပဲဟေ့။တကယ်ပဲ ဂျောင်ဂုကလွယ်တဲ့ကောင်လေးမဟုတ်ဘူး ငါ့ကိုတောင်လေးစားတာမဟုတ်ဘူး ထယ်ယောင်းရေ။ကံကောင်းတယ် ကံကောင်းတယ် ထယ်ယောင်းရေ"
"ဂျောင်ဂုကအာ့လောက်လဲမဆိုးပါဘူး PD ကြီးရာ့ လိမ်မာပါတယ်"
"ဘုရား ဘုရား လိမ်မာတယ်ဟုတ်လား? အာ့ကောင်လေးကလေ မနေ့ကလည်း Company ကိုလာသောင်းကျန်းသွားတာလေ တကယ်ပဲဂျစ်တူး"
"အာ အာ့တာတော့များသွားပြီ PD ကြီး။ပြောလိုက်မယ် ဂျစ်တူးလဲ ကင်မ်ထယ်ယောင်းရဲ့ရှယ်ချစ်တာခံရတာပဲ သဘောပေါက် လာ သွားမယ် ထယ်ထယ် PD ကြီးကစကားသိပ်များတယ်"
ထယ်ယောင်းပုခုံးအားလက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ ထိုင်ခုံမှထစေ၍ အရှေ့မှသွားခိုင်းကာ ရုံးခန်းမှထွက်၏။ထယ်ယောင်းကတော့ပြုံးတုံးတုံးပင်။
VOCÊ ESTÁ LENDO
𝖬𝗒 𝖨𝖣𝖮𝖫 𝗂𝗌 𝗈𝗇𝖾...𝖬𝗒 𝖧𝖴𝖲𝖡𝖠𝖭𝖣 𝗂𝗌 𝗈𝗇𝖾*[𝘒𝘖𝘖𝘔𝘖𝘚]