M͟Y͟ I͟D͟O͟L͟ I͟S͟ O͟N͟E͟...
M̥ͦY̥ͦ H̥ͦU̥ͦS̥ͦB̥ͦḀͦN̥ͦD̥ͦ I̥ͦS̥ͦ O̥ͦN̥ͦE̥ͦ***u҉n҉i҉c҉o҉d҉e҉🦋𝔼ℙ[10]
✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰"ဂျွန်ဂျောင်ဂု!
မင်းလား""....."
"ငါမေးနေတယ်လေ ဂျောင်ဂုလားလို့"
"အဟတ် ...
အွန်း""မင်း...မင်း...ဘယ်လိုလုပ်"
"ခင်ဗျားကိုတွေ့ချင်လို့"
"ဘာ....အရက်နံ့တွေမွှန်ထုံနေတာပဲ ပြဿနာလာရှာတာပဲ ဂျွန်သခင်က"
"အွန်း"
အရက်မူးနေသည့် ဂျွန်ဂျောင်ဂုက "တ အွန်း!အွန်း"နှင့်သာပြောနိုင်ချေ၏။ခဏခဏလည်းရယ်,ရယ်ပြသေး၏။ဘယ်လိုလုပ် ဂျွန်ဂျောင်ဂုက New York ထိလိုက်လာဘိသနည်း ထယ်ယောင်းမစဉ်းစားတတ်တော့။
State ပေါ်မှ Min Suga ကတော့ပိုင်နိုင်သော Rap တွေကိုကျနော်ပြင်ပေးသော ဒီဇိုင်းများနှင့် ဆွဲဆောင်မှုရှိချင်တိုင်းရှိနေပေ၏။State နဲ့သိပ်မဝေးသည့်နေရာတွင် ကျနော် Min Suga ၏ဖျော်ဖြေမှုအားကြည့်နေတုန်းနောက်မှ ခေါင်းငိုက်စိုက်နှင့်ရောက်လာသောဂျွန်ဂျောင်ဂု။ကျနော်ဒီမှာရှိမှန်း ဘယ်လိုလုပဂျွန်ဂျောင်ဂုသိသွားသနည်း။
လုံးဝထင်မထားပါပေ ဂျွန်ဂျောင်ဂုက ဒီအထိလိုက်လာသည်တဲ့လား။မူးနေ၍လားမသိ စကားကိုကောင်းမွန်စွာပြော၏။အသံကလည်း တည်ငြိမ်နေသလို တခါတခါကျနော့်အနားကပ်လာတတ်သေးသည်မို့ အရက်နံ့ရယ် ရေမွှေးနံ့ပြင်းပြင်းရယ်ကို ထယ်ယောင်းခံစားမိ၏။
"ထယ်..."
"ဘယ်လို ဘယ်လို"
ထယ်! လို့ခေါ်လိုက်တဲ့အသံကြောင့် ထယ်ယောင်း၏သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုနှယ်။ဂျွန်ဂျောင်ဂုက မည်သည့်အချိန်ကတည်းကယဉ်ကျေးသွားပါဘိ။မနေ့ကအထိအရိုင်းကောင်ပဲလေ။မူးနေလို့များလား...
"မင်းမူးနေပြီ ဂျွန်ဂျောင်ဂု"
"မခေါ်နဲ့...မျိုးရိုးတပ်ပြီး...
ဂျောင်ဂု!ဂျောင်ဂုလို့ခေါ်ပေး။တကယ်ရင်းနှီးချင်တယ် ထယ်နဲ့""ဟား"
ကလေးလို စကားပြောနေသူကြောင့် ထယ်ယောင်းမရယ်ပဲမနေနိုင်တော့။စလည်းစချင်လာ၏။မျက်လုံးသာမဖွင့်နိုင်အောင်မူးနေတာ ဂျွန်ဂျောင်ဂုတို့က စကားတော့ပီအောင်ပြောနိုင်ပါ၏။
YOU ARE READING
𝖬𝗒 𝖨𝖣𝖮𝖫 𝗂𝗌 𝗈𝗇𝖾...𝖬𝗒 𝖧𝖴𝖲𝖡𝖠𝖭𝖣 𝗂𝗌 𝗈𝗇𝖾*[𝘒𝘖𝘖𝘔𝘖𝘚]