SungHoon's pov

505 29 8
                                    

လူကုံထံအသိုင်းဝိုင်းမှမွေးဖွားလာတဲ့ ကျွန်တော်က ကျွန်တော်ဝါသနာပါရာနောက်လိုက်ဖို့ ဖခင်ရဲ့သွေးချွေးတို့နဲ့တည်ဆောက်ထားတဲ့ မိသားစုလုပ်ငန်းကိုယောက်ဖလက်ထဲအပ်ခဲ့ရသည်။

သူနှင့်လက်ထပ်ခဲ့ရသည်မှာ ဘဝတွင်ဒုတိယမြောက်ပျော်ရွှင်မှု ဖြစ်ခဲ့ရပြီး သူ့မျက်နှာတစ်ကမ္ဘာထင်မှတ်ထားသော ကျွန်တော့အဖို့ သူမရှိလျှင်

တင်...

"ကိုကို ပြန်လာပြီလား"

လက်တွင်ပေနေသော ခရမ်းချဉ်သီးအနှစ်တို့အား အေပရွန်ထက်သုတ်ရင်း အိမ်ရှေ့ခန်းသို့ခပ်မြန်မြန်သွားလေတော့ အံ့ဩသွားသော ထိုသူ။

"အင်း ဘယ်တုန်းကပြန်ရောက်နေတာလဲ"

"နေ့လည်က ရောက်တာ
ကိုကို့ကို အသိမပေးမိတာ ဆောရီး ဟီးဟီး"

"ဘာလုပ်နေတာလဲ"

"ခေါက်ဆွဲလုပ်နေတာ"

လက်ဆွဲအိတ်ကို ကိုင်ပေးမည်ပြုတော့ ထိုသူက နောက်ဆုတ်သွားလေသည်။

"အာ မင်းလက်မဆေးရသေးဘူးမလား"

"ဆောရီး ကိုကို"

"ကိုယ်လက်သန့်စင်ပြီးရင် ကိုယ်ဝိုင်းကူပေးမယ်"

"အင်း"

~~~~

တိတ်ဆိတ်စွာ ငြိမ်သက်နေသော ထမင်းစားခန်းလေးသည် ကသိကအောက်နိုင်စွာ အေးစက်နေလေသောကြောင့် နှုတ်ခမ်းလေးအား ဖွဖွကိုက်ကာ ရှေ့တွင် ပါစတာအား ခပ်ဖြေးဖြေးစားနေသော ကိုကို့အား အချိန်အတော်ကြာ ခိုးကြည့်နေမိသည်။

"ပါစတာ စားကောင်းလား"

"အင်း လက်ရာတိုးတက်လာတယ်
ခရမ်းချဉ်သီးအနှစ်ကတော့ များနေတယ်"

"အော "

"မင်းပြန်လာမယ်ဆိုတာ ကိုယ့်ကိုလဲ ကြိုမပြောဘူး"

"Surprise လုပ်မလို့လေ "

..မနက်ဖြန် ကျွန်တော့်မွေးနေ့

သူက တစ်ချက်ပြုံးလေတယ်။

အရမ်းကိုမှ နှစ်လိုဖွယ်ကောင်း‌သော၊ ချိုမြိန်နူးညံ့လေသော၊ ပတ်ဆောင်းဟွန်း ကို အသိစိတ်လွတ်စေသော
ထိုအပြုံး။

My Simple ThingWhere stories live. Discover now