ဟွန်းလေး၏မွေးနေ့ပွဲသည် ကသိကအောက်နိုင်စွာပြီးဆုံးသွားပြီးနောက် ပွဲ၏ဇာတ်လိုက်ကျော်သည် ဘေးခုံတွင် နွမ်းလျစွာမျက်လုံးစုံမှိတ်လျက် ပျော့အိစွာရှိနေသည်။မိမိ၏မိတ်ဆွေ လုပ်ငန်းရှင်များ၊ ရှယ်ယာရှင်များနှင့် ဟွန်းလေးအားမိတ်ဆက်ခဲ့သည့်တိုင် ဟီဆွန်း၏မျက်နှာရိပ်သည် မည်သည်ကိုမျှပြောင်းလဲခြင်းမရှိခဲ့ပါပေ။
ဟာနာသည်လည်း ပျော်ပျော်ပြုံးပြုံးနှင့်ရှိနေသည်မှာ သူမဘာကိုမျှ မသိသေးသည့်အလား။
"ကားကို အာရုံစိုက်မောင်းလေ
ဘာတွေတွေးနေတာလဲ""ကိုယ် ဘာမှမတွေးပါဘူး"
"လိမ်တယ်
ဘာအကွက်တွေရွှေ့နေတာလဲ"သက်ပြင်းသဲ့သဲ့ချရင်း
"မင်းပိုင်ဆိုင်ရမယ့်အရာတွေ မင်းအစ်မလင်မယား အကုန်ယူသွားမှာမစိုးရိမ်ဘူးလား"
"အဲ့အကြောင်းဆို အိမ်ကျမှပြောရအောင်လား
ပင်ပန်းနေပြီ""အိုခေလေ အနားယူလိုက်"
ဆန့်ကျင်ဘက်သို့ခေါင်းလှည့်ကာ မှေးနေသောကြောင့် မိမိသည်လည်း ရင်မောရပါသည်။
~~~~
အိမ်သို့ရောက်သော်လည်း အိပ်ပျော်နေသေးသည်ဟုထင်လိုက်သဖြင့် ပွေ့ချီမည်ပြုတော့ မိမိအားတွန်းပြီး ဒယိမ်းဒယိုင်ဖြင့် အိမ်ထဲသို့သွားလေသည်။
မည်သည်ကိုကောက်နေရပါသနည်း။
မိမိလည်း မည်သည့်အမှုမှမပြုထားသော်ညား ထိုကလေးသည်တော့ အသားလွတ် ကောက်နေသည်ဟုထင်ရသည်။
ကားထဲမှ ယူစရာရှိသည်တို့အား ယူပြီးနောက် အိပ်ခန်းထဲသို့ ဝင်လာသော် အဝတ်အစားများမချွတ်ပါဘဲ ကုတင်ပေါ် မှောက်ခုံအိပ်နေပါသော သခင်လေး။
"ဟွန်းလေး ထကွာ
အဝတ်အစားလဲပြီး ရေချိုးရမယ်လေ
အဲ့တာမှ နည်းနည်းလန်းမှာပေါ့""မထိနဲ့"
"ဟော ဘာဖြစ်ရပြန်တာလဲ"
"ခင်ဗျား လုပ်ထားတာ ခင်ဗျားသိမှာပေါ့"

YOU ARE READING
My Simple Thing
FanfictionHe is so simple for us... Just like OXYGEN... My simple thing... Where have you gone? 26 Mar 2023