ကောင်လေး အပေါ်ထားရှိတဲ့သူရဲ့ခံစားချက်တွေကို ရိပ်စားမိတဲ့အချိန်က လွန်ခဲ့သော ဆယ်နှစ်၊ သူ့အသက် ဆယ့်ခုနစ်နှစ်အရွယ်။ဘယ်အချိန်ကတည်းကတိုးဝင်ခဲ့မှန်းမသိတဲ့ ခံစားချက်တစ်ခုက နောက်ကျမှ အဓိပ္ပာယ်ပေါ်လာသော်ငြား ဖွင့်ဟဖို့ သတ္တိကား ယခုထိမရှိခဲ့။
လက်ထဲမှ ကျန်နေသေးသော အရက်ခွက်အား လည်ချောင်းတဆုံးမော့ချလေတော့ ပြင်းရှစွာ စီးဆင်းသွားသော အရည်ပူတို့က ရင်ထဲမှ ဝေဒနာအားမကုစားပေးနိုင်။
~~~
"ကိုကိုဂျယ်က နောက်တစ်ပတ်ဆို သူ့အဖေရှိတဲ့နိုင်ငံကို လိုက်သွားတော့မယ်တဲ့
ဟွန်းဟွန်း ကိုကိုဂျယ်နဲ့မခွဲချင်ဘူးရယ်""ကိုကိုဂျယ် မရှိလဲ
ကိုကိုကြီးရှိသေးတာပဲ ကောင်လေးရယ်
ကိုကိုကြီးက ကောင်လေးနဲ့အတူတူကစားပေးမှာပေါ့""ကိုကိုကြီး က မမနဲ့ပဲ စာလုပ်တာလေ
ဘယ်တုန်းက ဟွန်းဟွန်းနဲ့ကစားဖူးလို့လဲ
.....
မေမေကပြောတယ် ဟွန်းဟွန်းက ပီယာနို ကောင်းကောင်းမတီးနိုင်ရင် ဟွန်းဟွန်းကို ကိုကိုဂျယ်နဲ့ပေးမကစားဘူးတဲ့
ကိုကိုဂျယ်ကလဲ ဟွန်းဟွန်း ပီယာနိုတီးတဲ့အချိန်က အတော်ဆုံးပဲတဲ့
သူက ဟွန်းဟွန်းရဲ့နံပါတ်တစ် ပရိတ်သတ်တဲ့
အခုတော့ ပီယာနိုတီးတာတော်ရင်တောင် ကစားပေးမယ့်သူမရှိတော့ဘူး"အိမ်ရှေ့မြက်ခင်းပေါ် ခြေပစ် လက်ပစ်လှဲနေသော ဆယ်နှစ်အရွယ်ကောင်လေးက ညနေခင်း ကောင်းကင်ကြီးအားငေးကာပြောနေခဲ့သည်။
သူသည်တော့ကား ကောင်လေးဘက် တစောင်းလှည့်ကာ လက်ပေါ်ခေါင်းအုံးရင်း ဆယ်ကျော်သက်လေးရဲ့ အလှအား ပြုံးပြုံးကြီးရှုစားနေခဲ့သည်။
"ကိုကိုကြီးလည်း မင်းပရိတ်သတ်ပဲလေ"
"တခါလေးတောင် နားမထောင်ဖူးပဲနဲ့ ဟွန့်"
အဲ့သည့်အချိန်ကဖြစ်မည်ထင်တယ်.. အဲ့ထက်လည်းစောရင်စောနိုင်တယ်..
သူ့မြင်ကွင်းထဲမှာ ရှိခဲ့တဲ့ နှုတ်ခမ်းလေးထော်ကာ သူ့ဘက်လှည့်ရန်တွေ့ခဲ့တဲ့ ပုံရိပ်လေးက တသတ်လုံး နှလုံးသားထဲစွဲသွားခဲ့သည်။
YOU ARE READING
My Simple Thing
FanfictionHe is so simple for us... Just like OXYGEN... My simple thing... Where have you gone? 26 Mar 2023