ကလေးငယ်၏စေတနာတို့နှင့်ပြုလုပ်ထားသော ပါစတာ သည် တကယ်တော့ စားမကောင်းပါ။
သူလေးသည်လည်း သိ၍လားမသိ သူ့ပါသူတောင် တို့ကနဲ ဆိတ်ကနဲသာ စားသည်။
ကလေးဆန်သော ချစ်ရသူအကြောင်းကားတွေးရုံဖြင့် ရင်ထဲတသိမ့်သိမ့်နွေးထွေးရပါ၏။
အခန်းထဲ ဝင်ပြေးသွားသော ကလေးငယ်အား ကြာကြာစိတ်ကောက်ခွင့်မပြုနိုင်၍ လက်ထဲမှ လှီးသင်လတ်စ မှိုတို့အား လက်စသတ်ကာ မှိုစွပ်ပြုတ်လေးအား ချက်နေလိုက်သည်။
အခန်းတံခါးအား ဖွဖွတွန်းကာ ဝင်လာတော့ ကုတင်ပေါ်တွင် ကားကားလေးအိပ်နေသော သူလေးကြောင့် လက်ထဲမှ စွပ်ပြုတ်ဗန်းအား ဘေးရှိစားပွဲပေါ် တင်လိုက်ရသည်။
နေရာမှန်အောင်တည့်မတ်ပေးပြီး စောင်လေး ရင်ဘတ်ထိခြုံပေးသည်ထိ ထိုကလေးသည်မနိုးပေ။
ဖြူဥနေသော လက်ဖျံလေးတွင် သွားကိုက်ကာ အကွင်းလိုက်လေးအားမြင်ရချိန် ရင်ထဲတဆစ်ဆစ်နာကျင်သွားရသည်။
"ကိုကို့ကို မကျေနပ်ရင် ကိုကို့ကို လာကိုက်ပါလား ဟွန်းငယ်ရဲ့
ဘာလို့ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရတာလဲ"မျက်တောင်ဖျားများတွင်ဝေ့သီနေသေးသော မျက်ရည်စတို့အား အနမ်းဖွဖွဖြင့်သုတ်ပေးပြီး စွပ်ပြုတ်ပန်းကန်အားပြန်ယူသွားသည့်အကြောင်းကိုတော့ အိပ်ပျော်နေသော ကလေးတစ်ယောက်သိမည်မထင်။
~~~~
အလုပ်များလတ်စသတ်ပြီးချိန်တွင် အချိန်သည်ကား ဆယ့်တစ်နာရီထိုးနေလေပြီ။
အစာမရှိဘဲအိပ်ပျော်နေသောကလေးအား နှိုးကာ တခုခုကျွေးသင့်နေပြီမလား။
တီတီတီ~~~
"ဟယ်လို အမေ ဘာဖြစ်လို့လဲ"
"မင်းညီမက မနက်ဖြန် ဈေးဝယ်ထွက်ချင်လို့တဲ့ မနက်ပိုင်းလေးပါပဲဟယ်
ကလေးကိုလိုက်ပို့လိုက်စမ်းပါ""ညီမ ညီမ နဲ့မပြောပါနဲ့ အမေရာ
အဲ့ကောင်လေးကို ကျွန်တော်မထိန်းနိုင်တော့ဘူး
သူ့အမေဆီပြန်ပို့လိုက်ပါတော့"
YOU ARE READING
My Simple Thing
FanfictionHe is so simple for us... Just like OXYGEN... My simple thing... Where have you gone? 26 Mar 2023