သူနှင့်ကောင်လေးငယ်တို့၏ အချစ်လမ်းခရီးသည် သုံးလကျော်မျှသာ ကြာရှည်ခဲ့သည်။ထိုနေ့က အလုပ်မှပြန်လာလာချင်း ကောင်လေးငယ်အား စာပြန်ပြပေးရန် သူတို့အိမ်သို့အဝင် တစ်အိမ်လုံးမှာ သာမန်မဟုတ်စွာတိတ်ဆိတ်နေလေသည်။
ကောင်လေးငယ်၏ မျက်နှာချင်းဆိုင်အခန်းရှိ သူ၏အစ်မအခန်းမှ အသံတချို့ကြားသော်လည်း ထိုကောင်လေး၏အခန်းတံခါးဆီ လျှောက်သွားမိသည်။
"သမီးရယ် ဖေဖေဒူးထောက်တောင်းပန်ပါမယ် သမီးမောင်လေးကို သမီးကယ်မှပဲရတော့မှာ"
ဟင်..
ကောင်လေးကို ဟာနာကယ်မှပဲရတော့မှာလား
ကောင်လေးဘာဖြစ်လို့များလဲထူပူသွားသောစိတ်အစုံကြောင့်မည်သည်ကိုမှမစဉ်းစားမိဘဲ ဟာနာအခန်းရှိရာတံခါးဆီလက်လှမ်းမိတော့ ထပ်ကြားလိုက်သောစကားကြောင့် လှုပ်ရှားမှုတို့ရပ်တန့်သွားရသည်။
"မပေးနိုင်ဘူးဖေဖေ အဲ့မိန်းမကမွေးထားတဲ့သားကို ဘာလို့သမီးကကယ်ရမှာလဲ
ဖေဖေ သမီးအတွက်စဉ်းစားပေးဖူးလား
ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာတဲ့မိန်းမကမွေးပါစေ
ဆောင်းဟွန်းပဲ ဖေဖေ့သားမဟုတ်ပါဘူး
သမီးကလဲ ဖေဖေ့သွေးသားပါပဲ ဟင့်""ယူမီ မင်းပြောပါဦးကွာ ဆေးရုံကုတင်မှာ သားလေးက အသက်လုနေရတာလေ"
"ရှင့်သားဘက်ကပဲပြောမနေနဲ့
ကျွန်မသမီးနုနုထွတ်ထွတ်လေးက ရင်ကိုခွဲပြီး ရှင့်သားကို အသည်းတခြမ်းလုံးပေးရမှာလေ
55 % တောင်ပေးလိုက်ရမှာ
ဘယ်လောက်အန္တရာယ်များလဲ ရှင်စဉ်းစားမိရဲ့လား""ငါစဉ်းစားပါတယ်
အခုကဟာက သွေးစစ်ချက်ရော၊ ဓါတ်မှန်ရော၊ CT scan ရော တခြားဟာတွေပါစစ်ကြတယ်လေ
သမီးပဲအကုန်ကိုက်ညီတာလေ
သူများတွေတခြားလူတွေကိုတောင် အသည်းလှူနေကြတာ
ဒါကိုယ့်မောင်လေးလေ
မင်းပဲ.. မင်းပဲ သူ့မွေးစာရင်းမှာတောင် အမေနေရာအတင်းယူခဲ့တာလေ
မင်းပဲစောင့်ရှောက်မယ်ပြောခဲ့တာလေ မေ့သွားပြီလား""မေမေ့ကို မအော်ပါနဲ့
တခြားလူဆိုရင်တောင်ပေးပစ်လိုက်မှာ
ဖေဖေ့သားမလို့ကို မပေးချင်တာ"
YOU ARE READING
My Simple Thing
FanfictionHe is so simple for us... Just like OXYGEN... My simple thing... Where have you gone? 26 Mar 2023