"ကျွန်...ကျွန်တော် သေမှာလား"
"ဟမ်"
"ကျွန်တော့်ကိုသတ်တော့မှာလားဟင်"
ကိုယ်က သူ့ကိုကယ်လဲကယ်လာရသေးတယ် အဲ့ဒါကိုလည်း အခုထိအလန့်တကြားအော်ဟစ်နေသူဟာ ဒီလို တောထဲ၀င်လာတာသူမဟုတ်သည့်အတိုင်းပင် ဘယ်သူကလာပါလာပါခေါ်နေလဲ သူ့ခြေထောက်နဲ့သူလာပြီး ကယ်လဲကယ်ရသေး။
ဒီလိုချောမောခန့်ညားတဲ့ရုပ်ရည်က လူသတ်စရာလား။
"ငါ့ပုံစံက မိစ္ဆာနဲ့တူနေလို့လား နတ်ဖြူကောင်ရ"
"ဘယ်လို!"
"ဘာဖြစ်တာလဲ"
"နတ်ဖြူ? မိတ်ဆွေက သိနေတာလား!"
"ဘာလို့မသိရမှာလဲ"
"ဒါဆို မိတ်ဆွေကလူမဟုတ်ဘူးပေါ့"
"လူသားသာဆိုရင် သိမလားကွ"
"ဒါနဲ့ ဘာလို့နတ်ဖြူလဲ"
"နတ်ဆရာနဲ့ စံပယ်ဖြူကိုပေါင်းခေါ်ကြည့်တာလေ ပြီးတော့လည်း မင်းနဲ့လိုက်မယ်ထင်လို့"
"အဟမ်း"
မျက်လုံးထဲကိုသေချာစိုက်ကြည့်ပြီးပြောလာတာမို့ Jungwonမှာ အနေရခက်လှသည်။ ဒီသူစိမ်းကရဲတင်းလိုက်တာနော်။
[A/N:ကျွန်တော့် update တွေကအရမ်းကြာနေတာမို့ နတ်ဆရာတွေအကြောင်းနားမလည်တော့ရင် အပိုင်းတစ်ကို ပြန်ဖတ်ပေးပါနော်။ အဲ့မှာရှင်းထားပါတယ်။ ဒါတွေအားလုံးကကျွန်တော့်စိတ်ကူးတွေမို့ ဘယ်သူ့ကိုမှထိခိုက်လိုခြင်းမရှိပါ။]
"အဲ့တော့ တကယ်ကျွန်တော့်ကိုမသတ်ဖူးပေါ့"
"နေပါဦး ငါကလူသတ်မဲ့ရုပ်ပေါက်နေတာလား?"
Jungwon ထိုလူကို အစအဆုံးသေချာကြည့်မိသည်။ အစိမ်းရောင်ချည်၀မ်းဆက်ဟာ ဈေးကြီးတဲ့ပိတ်စနှင့်ချုပ်လုပ်ထားတာဖြစ်သည်။ အပင်တွေအကြောင်းသေချာမလေ့လာလို့မသိပေမယ့် ရှားပါးအပင်နှင့်ဤအရောင်ကို ဆိုးထားခြင်းဖြစ်ကြောင်းကိုတော့ သေချာစွာသိနေပါ၏။ ဖြူစင်ကြည်သန့်တဲ့အသားအရေဟာ ဆေးဝါးကောင်းတွေကိုမှီဝဲခဲ့ကြောင်းဖော်ပြသည်။ ချောမောတဲ့ရုပ်ရည်ကတော့....အင်း.....ရုပ်ရည်နဲ့ပတ်သတ်ရင်တော့ မင်းသားကဒီလူထက်ပိုချောသည်ထင်၏။