Part<1>

241 17 2
                                    

1994,March

ပင်လယ်ထဲနစ်ဝင်၍ထွက်ပေါ်နေသော
အနက်ရောင်တောင်စောင်း။
တောင်ပေါ်တွင်ကျွန်တော်ကိုယ်တိုင်
designဆွဲထားသောအိမ်တစ်လုံး။
ကျွန်တော့်ကောင်လေးကြိုက်သော
ပင်လယ်ကြီးကိုအချိန်တိုင်းမြင်နေရအောင်
ပင်လယ်ဘက်ခြမ်းကိုမှန်များသာ
အသုံးပြုခဲ့သည်။

jeonရဲ့စိတ်ကူးတွေ။
မှားယွင်းနေခဲ့တယ်
ဒီလိုအိမ်တစ်လုံးကို
ဆောက်ခဲ့မိတာ
jeonမိုက်မဲလွန်းတယ်။
.....

သူ့ကိုကျွန်တော်ချစ်တယ်
သံယောဇဉ်အထပ်ထပ်နဲ့သူ့ကို
သူ့ကိုသိပ်ချစ်ခဲ့တာ
မချစ်နိုင်စရာမရှိလောက်အောင်လည်း
minကလှတယ်
ကျွန်တော်ကြိုက်ခဲ့သောမိန်းမတိုင်း၏
မျက်နှာအားလုံးကိုမေ့သွားစေသည်အထိလှသည်

minချစ်တဲ့လူတိုင်း၊minကိုချစ်တဲ့လူတိုင်း
လိုချင်နေသောလူတိုင်း၊ထိ​တွေ့ချင်သောလူတိုင်း
ရဲ့အဝေးကြီး
ပင်လယ်ကြီးနားကိုတစ်ကိုယ်ကောင်းဆန်စွာ
ခေါ်ဆောင်သွားခဲ့တယ်။
..........

နက်ပြာရောင်ကောင်းကင်ကြီးအောက်
နွေရဲ့ဖောက်ပြန်သော အပြာရောင်မိုးည။

" jimin
မျက်နှာပြောင်စရာကိစ္စမဟုတ်ဘူးနော်"

"ဟာသလုပ်နေတာမဟုတ်ဘူး
လမ်းခွဲမယ်"
"ငါငြီးငွေ့တယ်
မင်းကပျဉ်းစရာကောင်းလာပြီjung"

"စကားကိုပြန်ပြင်ပြောလို့ရသေးတယ်jimin
ငါမင်းကိုဘာမှမလုပ်ခင်"

"တွေ့လား!! မင်းပုံစံမင်းမှန်ထဲကြည့်လိုက်စမ်း!!
မင်းရဲ့စကားသံနှုန်းတွေကို
သုံးသပ်စမ်းပါjung"

ကျွန်တော့်ကိုသူရူးနေတယ်ထင်နေတာ
အရူးတစ်ယောက်ရဲ့လုပ်ရပ်မျိုးတွေ
လုပ်နေပေမဲ့ကျွန်တော်မရူးပါဘူး။
မင့်ရဲ့ထင်မြင်ချက်တွေကိုလည်းမဖြေရှင်းချင်ဘူး။စကားအဆက်အစပ်လည်းမရှိစေချင်ဘူး။

"ငြီးငွေ့တယ်ဆိုလည်း အ့ဆိုလည်း
ကိုယ့်ပုံစံကို မင်းပျော်ရမဲ့ပုံစံပြောင်းလဲမယ်လေmin"

"မရဘူး မင်းဖြစ်နေလို့ကိုမပျော်တော့တာ
ငါအများကြီးသည်းခံကြည့်ပြီးပြီ
ငါအိမ်ပြန်ချင်ပြီjung"

Spring is backWhere stories live. Discover now