Unicode
ရောင်စုံမီးဝိုင်းတွေနှင့် မြူးကြွနေတဲ့သံစဥ်တွေကြား စိတ်လွတ်လက်လွတ်ကနေကြတဲ့လူငယ်များ။လှပလွန်းတဲ့မိန်းမသားမျိုးစုံ၊ချောမောလှတဲ့ ယောကျာ်းသားမျိုးစုံသည် Dance Floorအလယ်မှာ pole danceကိုပိုင်နိုင်စွာ ကနေသော ဆံပင်တွင်သက်တန့်ရောင်စုံလိုHighlightတွေနှင့် လူသားလောက် ဆွဲဆောင်မှုမရှိကြပေ။Kitty Gangလို့ပြောလိုက်ရင် မသိသူမရှိသောသူသည် Clubပိုင်ရှင်လဲဖြစ်ကာ ကြေးစားတစ်ယောက်လဲဖြစ်နေသေးသည်။သို့သော်သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ Park Jiminဆိုသောနာမည်ကိုရင်းနှီးသူအချို့ကလွဲပြီး သိသူရှားသည်။
ခြေတံသွယ်သွယ်လေးတွေနှင့် Poleကိုချိတ်တွယ်ထားပုံကိုကြည့်ပြီး poleပင်ဖြစ်ချင်နေကြသည့်ပုရိသများ ဆယ်ယောက်ထက်မနည်းရှိခဲ့ကြသည်။သီချင်းသံဆုံးသည်နှင့် ချိုသာသောအသံ၊နူးညံ့သောအပြုံးလေးနှင့် ဆိုလာသောစကားသံကြောင့် Clubအတွင်းရှိ လူများဝိုးခနဲ၊ဝါးခနဲ။
"ဒီနေ့ကိုယ်စိတ်ပျော်စရာလေးရှိနေလို့ သောက်ထားစားထားတာတွေအကုန် 13%လျှော့ပေးမယ်။အေးဆေးပျော်ကြပါ"
တစ်ခါမှထိုသို့မလျှော့ပေးတတ်သူဖြစ်သည့်အပြင်စည်းကမ်းတင်းကြပ်လွန်းသည့် Clubပိုင်ရှင်လေးသည် မာနခေါင်ခိုက်နေသော်ငြား Clubကိုတစ်ခါရောက်ဖူးသူသည် ထိုမာနခဲလေးအား မတွေ့ရမနေနိုင်ကြပေ။သူ့စကားဆုံးသည်နှင့် သီချင်းသံတွေပြန်လည်ထွက်ပေါ်လာကာ ကခုန်နေသူတွေကို တစ်ချက် ကျစ်စုတ်သပ်ပြီးကြည့်ကာ ထွက်လာခဲ့သည်။
"အလကား သောက်ရူးတွေ"
သူ့ရုံးခန်းသို့ပြန်နားဖို့ပြင်နေတုံး ကြားလိုက်ရတဲ့စကားကြောင့် ခြေလှမ်းလေးတွေရပ်တန့်သွားသည်။
" Kitty Gangကိုတွေ့ချင်နေတဲ့ ဧည့်သည်ရှိတယ်။ရုံးခန်းထဲမှာစောင့်နေပါတယ်"
"ကြိုချိန်းထားတာမဟုတ်ရင် ကိုယ်အလုပ်လက်မခံဘူးပြောထားတယ်လေ"
ထို့နောက်သူ့အတွင်းရေးမှူးတစ်ဖြစ်လဲသူငယ်ချင်းဖြစ်သူက နားနားကပ်ပြီးပြောလိုက်တာကြောင့် နှုတ်ခမ်းဖူးဖူးလေးတွေ ကော့တက်သွားသည်။