အပိုင်းရှစ်

981 84 5
                                    

Unicode

"ငါကသတိထားလို့ပြောတယ်လေ။ဘာလို့စကားနားမထောင်ရတာလဲ Hoseokရယ်။ဆေးတွေမှန်အောင် သောက်၊အောင့်မှမသောက်နဲ့"

"ရစ်လိုက်တာအစ်မရာ"

"ရစ်ရမယ်၊ရစ်ရမယ်ဟဲ့။တစ်ခုခုဆို နင့်အစ်မကငါ့ကိုပဲ အပြစ်ပြောမှာ။နင်တို့ Family doctorဖြစ်ရတာလည်း နင်တို့ကိုသိပ်ကြောက်ရတာပဲ"

"ဟုတ်ပါပြီ။ပေးတော့"

"ဆေးပုံမှန်သောက်နော် ကလေးလေး"

မမရဲ့သူငယ်ချင်းဖြစ်သူ မှာကြားတာကို ခေါင်းငြိမ့်ရင်းနှင့်သာထွက်လာပြီးနောက် လိုက်ကာတွေခြားထားပေမဲ့ ရင်းနှီးနေတဲ့အသံကြောင့် ဆေးရုံကုတင်တွေဆီ ခြေထောက်က လျှောက်လာမိသည်။

"သူက အမှုအတွက်အရေးကြီးတဲ့သူပါ။တစ်ယောက်အခန်းဖြစ်ဖြစ် VIPအခန်းဖြစ်ဖြစ်ပြောင်းမှရပါမယ်Doctor..စီစဥ်ပေးပါအုံး"

"ဟုတ်ကဲ့ပါ။စီစဥ်ပေးပါ့မယ်"

နာကျင်နေတဲ့နှလုံးသားလေးကို ဥပေက္ခာပြုကာ လှည့်ပြန်ဖို့ပြင်တုံး လှစ်ဟာသွားတဲ့နှလုံးသားနှင့်အတူ လိုက်ကာစ။သို့ပေမဲ့ အရှေ့ကသူငယ်ချင်းကောင်းလေးဟာ သူ့ကိုမမြင်သွားသည့်ဟန်ဖြင့် ဘေးနားကနေ ဖြတ်လျှောက်သွားသည်။ဘယ်လိုတောင် အနိုင်ကျင့်မှုလဲ။ချစ်မှန်းသိလို့ အနိုင်ကျင့်တာတွေက ရင်ကိုအထပ်ထပ်ကွဲစေတာမျိုးတွေ။

"Kook..!!"

"ဪ..Jung Hoseok Shiiပါလား"

မနေနိုင် မထိုင်နိုင်စွာ လက်ကိုဆွဲပြီးအော်ခေါ်တော့ ပြန်ရလာတာ သည်လိုသူစိမ်းဆန်သည့် စကားတဲ့လား။

"စကားခနပြောရအောင်"

"တာဝန်ချိန်ကြီးဖြစ်နေလို့ပါ။ကျွန်တော်မအားသေးပါဘူး"

"Jeon Jungkook..!!"

Hoseokအော်သံကြောင့် အငယ်တန်းရဲသားလေးနှစ်ယောက်ဟာ သူ့ဆီကိုခပ်မြန်မြန်ပြေးလာသည်။Hoseokဟာ ပြေးလာသူထဲကတစ်ယောက်ကို တွေ့တော့ လှောင်ရယ်သံတွေထွက်လာခဲ့သည်။

"Hoseok hyung ဘာဖြစ်လို့လဲ။ဘာဖြစ်ကြတာလဲဟင်"

"သွားရအောင်"

Fuel(Complete)Where stories live. Discover now