Unicode
"ခင်ဗျားတို့မယုံရင် ကိုယ်ဘာမှမတတ်နိုင်တော့ဘူး။အချိန်တစ်ခုတော့စောင့်ပေးအုံးမှပေါ့။အချိန်တန် ထွက်သွားရင်ပြီးရောမလား။ကိုယ့်ကိုမယုံကြည်ဘူးဆိုရင် ရတယ်။ကိုယ်ငွေချက်ချင်းပြန်လွှဲပေးမယ်"
Jiminစိတ်ဆိုးကာ ဖုန်းကိုချလိုက်သည်။AgustDရဲ့အတွင်းရေးမှူးKimသည် တိုးတက်မလာသောသူ့အခြေနေကြောင့် နားပူနားဆာ အနည်းငယ်တော့လုပ်လာပြီဖြစ်သည်။AgustDတောင် ဘာမှမပြောသေးတာ တကယ့်ကို အိုးကမပူစလောင်းဖုံးက လာပူနေသလိုပဲ။စတွေ့ထဲက အချိုးမပြေခြင်းတွေ ပြုံထနေသည့်လူသားတစ်ယောက်လို။
ရေစက်လေးတွေနှင့် ခန္ဓာကိုယ်ဖြူဖြူလေးသည် ဖုန်းကိုရေချိုးခန်းထဲထိ ယူသွားတတ်သောအကျင့်ရှိသည်။ခါးတွင် သဘက်အဖြူကိုပတ်ကာ ရေချိုးခန်းအပြင်ဘက်သို့ထွက်လာခဲ့သည်။
ကျောပြင်ဖြူဖြူလေးတွင် Moon Tattooလှလှလေးတွေနှင့် လက်မောင်းအနောက်ဘက်နှစ်ခုကTattooလေးနှစ်ခုကလဲ ဖြူဖြူဖွေးဖွေးအသားရည်နှင့် ပနံသင့်စွာ။နံရိုးနားမှာ လှပစွာထိုးထားသောNevermind Tattooလေးနှင့် နီရဲနေသောပွင့်ဖတ်၂ခုကိုမြင်သောအခါ Taeminဟာ မျက်နှာပူစွာတစ်ဖက်သို့လှည့်သွားပေးသည်။
"နောက်ကိုယ့်ကို အဲ့လိုအကြည့်မျိုးနဲ့မကြည့်ပါနဲ့Taemin..ကိုယ်ကသူငယ်ချင်းဆိုပြီး ညှာမှာမဟုတ်ဘူးနော်"
"ဟုတ်ကဲ့"
ကြည့်လိုက်မိသည့်စက္ကန့်သည် တကယ့်ကိုမြင်သည်ဆိုရုံလေးပါ။သို့သော် Park Jiminကပဲလျင်လွန်းတာလား။သူကပဲသိသာစေခဲ့တာလားဆိုတာတော့ မည်သူမျှသိနိုင်မည်မဟုတ်ပေ။
"ဘာပြောမလို့ခေါ်ခိုင်းလိုက်တာလဲKitty Gang"
"အင်း..ကိုယ်တို့Choi Soobinအိမ်ကိုသွားမယ်ပြင်ထားလိုက်"
"ဟုတ်ကဲ့ပါ"
Taeminထွက်သွားတဲ့အခါ ထိုင်ခုံပေါ်တွင် ဝိုင်အေးအေးဆေးဆေးသောက်နေသူသည် တစ်စုံတစ်ခုကိုအလေးနက်တော့တွေးနေပုံ။သက်ပြင်းတစ်ချချနှင့်လူသားလေးသည် အထီးကျန်ခြင်းတွေရဲ့ ရိုက်ချက်အပေါ် အနည်းငယ်တော့နာကျင်နေဆဲပဲ။