Unicode
အခန်းထဲကို ဝင်လိုက်သည်နှင့် Cigarette အနံ့တွေကထောင်းခနဲရလာသည်မို့ သက်ပြင်းသာချပြီး အိပ်ယာပေါ် ကန့်လန့်ဖြတ်အိပ်နေသူရဲ့မက်မွန်သီးကို ဖြည်းဖြည်းချင်းရိုက်နှိုးလိုက်ရသည်။
"ထတော့Gi..အခန်းထဲနေတာဘယ်နှစ်ရက်လောက်ရှိပြီလဲ။Weedပါတာတွေ မသောက်ပါနဲ့ပြောလဲ Giမရဘူးကွာ..ထတော့လို့..!!"
"မထချင်သေးဘူးKimရာ ငါခုနမှအိပ်ပျော်သွားတာ"
"အေးအဲ့မှာမထနဲ့..Kitty Gangဖုန်းဆက်တယ်။ငွေအပြည့်လွှဲပေးဖို့..ဒါဆိုဘာကိစ္စဖြစ်မလဲ"
"ဟမ်..!!တကယ်လား.."
ဝုန်းခနဲထထိုင်လာသောGiသည် ဒီရက်တွေအတွင်းမျက်နှာတောင်အနည်းငယ်ချောင်ကျသွားသည်။အလုပ်တွေတောင်ကိုယ်နှင့် ပစ်ထားကာ အခန်းပဲအောင်းနေတာကြောင့် Kitty Gangကိုတောင် ရန်သွားရှာမိသည်အထိ Giအခြေနေဟာအင်မတန်ဆိုးရွားနေခဲ့သည်။
"ရေ..ရေချိုးရမယ်..Hobaဆီသွားရမယ်..သွားမယ်"
ဂယောင်ခြောက်ခြားဖြစ်ကာ ထထွက်သွားသူကို Kimဟာ အပြစ်တင်စကားတစ်ခွန်းထွက်မလာခဲ့။ချွတ်ချသွားသောအင်္ကျီတစ်ထည်နှင့်ဘောင်းဘီကို ကောက်ယူကာ ခြင်းထဲထည့်လိုက်သည်။သုတ်ဖို့သဘက်တစ်ထည်နှင့်အတူ ဝတ်ဖို့အင်္ကျီကအစထုတ်ပေးထားသူသည် မြင်ပြင်းကပ်ရလောက်သည်အထိ ကျင့်သားရစွာ။
"Gi စိတ်လှုပ်ရှားပြီးလက်သည်းတွေ ကိုက်မနေနဲ့အုံးနော်...!!"
ကိုယ်ပြောသည်ကို ကြားပါစေဆိုသောစိတ်နှင့်အော်လိုက်မိသော်လည်း ကိုယ့်အသံကြားမှရေသံစထွက်လာတော့လဲ ပြုံးလိုက်မိသေးသည်။တကယ် သူ မပါရင် ဘာမှစိတ်မချရသည့်ကလေးတစ်ယောက်လို။
နီးလွန်းရင်ဝေးလွန်းတာလား။နီးလွန်းရင် တန်ဖိုးမဲ့သွားတာလားမသိပေမဲ့ နီးလွန်းရင်မမြင်နိုင်တော့တာအမှန်တရားပင်မဟုတ်လား။
••••••••••••••••••
••••••••••••••••••
"သားငယ်လေး Companyလဲမသွားဘူး။တငူငူတငိုင်ငိုင်နဲ့ Kookနဲ့ရန်ဖြစ်ထားလို့လား""မဟုတ်ပါဘူးမမရယ်။ နေနည်းနည်းမကောင်းချင်လို့ပါ"
Jungအိမ်တော်ကအငယ်ဆုံးလေးမို့Hoseokအစ်မဟာ Hoseokကိုတုန်နေအောင်ချစ်ပေးရှာသည်။မျက်နှာအရိပ်အကဲကအစ ဘယ်လိုရှိလဲဆိုတာသူသိသည်။အိမ်ထောင်ဖက်ကိုတောင် မောင်ဖြစ်သူနှင့်အဆင်ပြေနိုင်မည့်သူကိုသာ ပိုရွေးချယ်ခဲ့သည်။