Unicode
"နေသိပ်မကောင်းသလိုပဲ။ရက်ပြန်ချိန်းလိုက်ရမလား"
"မဟုတ်တာ။Vရဲ့အစ်ကိုက ကြိုတောင်ရောက်နေတာကို လာပါသွားရအောင်"
စားသောက်ဆိုင်တွင် ကြိုတင်Booking ယူထားတဲ့အခန်းထဲမဝင်ခင် ထွက်လာတဲ့လူသားကြောင့် Jiminဆွံ့အနေသည်ကလွဲ ဘာမှမတတ်နိုင်ခဲ့။
"နောက်ကျနေလို့ စိတ်ပူနေတာTaehyungရယ်။လာ..လာကြလေ"
"လာလေ"
စားဖွယ်သောက်ရာတွေကို ကြိုတင်မှာထားပေးပုံရသော Hyungသည် အရင်လိုတိကျနေတုံးပါပဲ။သို့ပေမဲ့ Vနှင့်တော့ ညီအစ်ကိုတော်စပ်မယ်လို့ထင်မထားခဲ့။ကိုယ်က Hyungကလွဲလို့ဘာမှစိတ်မဝင်စားခဲ့တာလည်းဖြစ်ပါလိမ့်မယ်။
"ဒီက ညီကို အကိုမှတ်မိပါတယ်။ဟိုနေ့ကစာအုပ်ဝယ်တဲ့ညီလေး??"
"အာ..ဟုတ်တယ်။ဒီမှာHyungအတွက်လက်ဆောင်"
"သိနေကြတာလား..မိတ်ဆက်ပေးဖို့လိုသေးလား"
Salmon တစ်ဖက်ကိုJiminပန်းကန်ထဲထည့်ပေးရင်းမေးလိုက်သော Taehyungကြောင့် Jiminဟာ ပြုံးရုံသာပြုံးပြနိုင်တော့သည်။
"နာမည်တော့မသိကြသေးဘူး။အကို့နာမည် Kim Namjoon"
Jiminလဲမချိပြုံးလေးသာပြုံးပြီးလက်ဆွဲနှုတ်ဆက်လိုက်ရသည်။
"ကိုယ့်နာမည်Kitty Gangပါ"
"Hyungက Accident တစ်ခုကြောင့်အတိတ်မေ့နေတာ"
"ဪ.."
Jiminဟာဘာစကားမှဆက်မပြောတော့ဘဲ ငြိမ်သက်စွာသာ စားတော့သည်။ညီအစ်ကိုနှစ်ယောက်ကတော့ စကားတပြောပြောနှင့် ပျင်းပုံတောင်မရပေမဲ့ သူကတော့ပျင်းလာခဲ့ပြီ။
"V..ကိုယ်ပြန်ချင်ပြီ"
နားကိုကပ်ကာ တိုးတိုးလေးပြောနေသူကိုNamjoonဟာ ကြေကွဲစွာကြည့်နေခဲ့သည်။
အတိတ်မေ့ချင်ယောင်ဆောင်နေသူသည် သူဖြစ်ပါလျက်နဲ့ တကယ်နေနိုင်သူသည် Jiminပဲဖြစ်နေခဲ့ပြန်သည်။ကြားပါသည်။နိုင်ငံခြားထွက်သွားလဲ သတင်းတွေကိုအကုန်နားစွင့်ခဲ့ပါသည်။အဆိုးလေးဟာ ကြောက်ဖို့ကောင်းစွာဆိုးသွမ်းခဲ့တာမို့ သူ့သတ္တိမဲ့စွာ ကူညီပေးဖို့တောင်ပြန်မလာနိုင်ခဲ့ဘူး။ထို့ကြောင့် အားနာစိတ်နဲ့ ကျန်ရှိနေတဲ့ဘဝတစ်သက်တာလုံး အတိတ်မေ့ချင်ယောင်ဆောင်ပေးလိုက်မည်။တန်ပါသည်လေ။ချစ်ရသူကို မေ့ချင်ယောင်ဆောင်ရတာ ဘဝရဲ့အရှင်လတ်လတ်ငရဲကျနေတဲ့အစိတ်အပိုင်းတစ်ခုထဲမှာပါဝင်တယ်။