"မား ဘာလုပ်နေတာလဲ "
"မုန့်လုပ်နေတာလေ ထယ်ထယ့်အကြိုက် ပန်ကိတ်လေး "
" ဟိုဘက်အိမ်က အကိုကြီးကိုရော ပေးဦးမှာလား "
"ဘာအကိုကြီးတုန်း မင်းပါးပါး သူငယ်ချင်းပါဆို ဦးလေးပေါ့ "
"ဟုတ်ပါပြီ အဲ့ဦးလေးကြီးကိုရော ပေးမှာလား "
"အွန်း ရော့ ဒီမှာ သွားပို့လိုက် "
"အိုခေးးးး "
ဒီအခွင့်အရေးကို စောင့်နေတာပေါ့ ဟဲဟဲ ။
ထယ်ယောင်း ဟိုဘက်ခြံက ခြံတံခါးဖွင့်ထားတာကြောင့် ဝင်လိုက်သည် အိမ်ရှေ့ ဘဲလ်ကို တီးလိုက်တော့ လာမဖွင့်သေး ။"ဦးလေးကြီး ကျွန်တော် ထယ်ထယ်ပါဗျ "
ထယ်ယောင်း အော်ပြောပြီး ခနအကြာ တံခါးလာဖွင့်ပေးသည် ။ ရေချိုးပြီးကာစထင်ပါရဲ့ ဆံပင်တွေ စိုနေသည် ။
"Sorry ကောင်လေး ကိုယ်ရေချိုးနေလို့ "
"ရပါတယ်ဗျ "
"ဘာကိစ္စရှိလို့လဲ "
"အိမ်ထဲမခေါ်ဘူးလား "
"မဟုတ်ပါဘူး ဝင်ပါ "
ထယ်ယောင်း သူ့အိမ်လိုပင် ဝင်သွားပြီး ဆိုဖာပေါ်ထိုင်လိုက်သည် ။ ဟိုဦးလေးကြီးကလည်း လိုက်ဝင်ထိုင်သည် ။
"ဒီမှာ ပန်ကိတ် မားမားလုပ်လို့ လာပို့တာ "
"အော် ကျေးဇူးပါလို့ "
"ဦးလေးကြီးက တစ်ယောက်ထဲနေတာလား "
"အွန်း ကိုယ်က လူပျိုကြီးဆိုတော့လေ "
"မိဘတွေရော မောင်နှမ ဘာညာမရှိဘူးလား "
"ကိုယ့်မိဘတွေက နိုင်ငံခြားမှာ ကိုယ်ကတော့ တစ်ဦးတည်းသောသား "
"အော် အဲ့ဆို တစ်ယာက်ထဲ ပျင်းမှာပေါ့ ထယ်ထယ် မကြာ မကြာလာပေးမယ်နော် ဟီး "
"ရပါတယ် ကောင်လေး မင်းစိတ်ကြိုက်ပေါ့ Taehoon သားဆိုတော့ ကိုယ့်သားလိုပါပဲ "
"အော် .. ဟုတ်ဟုတ် "
ရင်ထဲကို စူးခနဲ အောင့်သွားတာပါပဲ ။ ကျေးဇူးတင်ပါတယ် သားအဖဇုန်ထဲ ပို့ပေးတဲ့အတွက် ။ အင်းပေါ့လေ ကိုယ်က အဖေ့ရဲ့ သူငယ်ချင်းကို သဘောကျနေမိတော့လည်း ဟုတ်ကဲ့ပါဗျာ ။
![](https://img.wattpad.com/cover/338117009-288-k77675.jpg)
YOU ARE READING
1995% I love you (Rest)
Fanfiction" မင်းကိုယ့်ကိုဘယ်လောက်ချစ်လဲ ကောင်လေး " "1995% ချစ်တယ် ! " "Hkk' ကိုယ်ပြောသလိုကြီးပြန်ပြောတယ်ပေါ့ အဆိုးလေး " Vkook Taehyung × Jungkook Start date - 29.3.2023 Written by Victory Jeon