The secret

929 88 6
                                    


ဒီနေ့ကိုကိုတက္ကသိုလ်စတက်ရက်မို့ ယူဂျင်းကိုကျောင်းလိုက်မပို့နိုင်ကြောင်းပြောသည်၊အပြန်ဝင်ကြိုမယ်ပြောသော်လည်း ယူဂျင်းမ​ပျော်နိုင်၊အရင်ကကိုကိုနဲ့ပဲကျောင်းအတူသွားနေကျမို့ အခုတစ်ခါတစ်ယောက်တည်းသွားရမည်ဆိုတော့ ဝမ်းနည်းသလိုလိုခံစားရသည်၊
အထက်တန်းကျောင်းသားဖြစ်လာပေမယ့် ကလေးဆန်ချင်သေးတဲ့စိတ်ကို ကိုကို့အရှေ့မှာမပြချင်တာကြောင့် အဆင်ပြေကြောင်းခေါင်းသာညိမ့်ပြလိုက်ပြီးကျောင်းကိုလာခဲ့ရသည်၊

ဆရာအသီးသီးပြောင်းပြီးစာသင်ချိန်တွေသာကုန်ဆုံးသွားတယ် ယူဂျင်းခေါင်းထဲစာတစ်လုံးမှမရောက်ပေ၊လူကစာသင်ခန်းမှာပေမယ့် စိတ်ကကိုကို့ဆီသာလွင့်နေသည်၊

ဒီနွေရာသီကျောင်းပိတ်ရက်တွေမှာလဲ ယူဂျင်းနဲ့ကိုကိုကတစ်ယောက်အိမ်တစ်ယောက်တက်ပြီးနေတဲ့အဆင့်မှာရှိသည်၊ကိုကိုကတော့ယူဂျင်းအိမ်ကိုအလည်သဘောမျိုးသာ
လာတတ်ပေမယ့် ယူဂျင်းကတော့ကိုကို့အိမ်ကိုကိုယ့်အိမ်ကိုယ့်ရာလိုသာခဏခဏသွားနေဖြစ်သည်၊ဦးလေးနဲ့အန်တီတို့ကလည်းကြည်ဖြူသလို ကိုကိုကလည်းလက်ခံသည်မို့နှစ်ယောက်သားဆက်ဆံရေးကထင်ထားတာထက်ပိုအဆင်ပြေနေခဲ့သည်၊

ဆေးရုံအုပ်ဖြစ်တဲ့ဖေဖေကအမြဲအလုပ်များနေတတ်တာမို့ အရင်ကယူဂျင်းရဲ့ကျောင်းပို့ကျောင်းကြိုအလုပ်ကို ကိုကို့မေမေကကူပေးသည်၊ကိုကိုအထက်တန်းရောက်တော့ စာများတာတစ်​ကြောင်းယူဂျင်းကိုပါအကြိုအပို့လုပ်နေရတာတစ်ကြောင်းမို့ အချိန်ပိုမကုန်အောင်ဖေဖေကကျောင်းအနားမှာ ယူဂျင်းနှင့်ကိုကိုအတူတူနေဖို့ တိုက်ခန်းတစ်ခုစီစဥ်ပေးသည်၊ကိုကိုကလည်းသဘောတူသည်မို့နှစ်ယောက်သားကျောင်းတက်ချိန်တွေဆို ထိုနေရာကိုပြောင်းနေတတ်ကြသည်၊

ညနေကျောင်းဆင်းချိန်ရောက်တော့ ကိုကို့ကိုတွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်လူကမြောက်ကြွကြွဖြစ်နေသည်၊စာသင်ခုံဘေးချိတ်ထားတဲ့ကျောပိုးအိတ်ကိုပုခုံးပေါ်အမြန်ကောက်လွယ်ပြီး အခန်းထဲကနေပြုံးစိစိနှင့်ယူဂျင်းထွက်လာခဲ့သည်၊ထိုကြည်နူးနေတဲ့စိတ်ကလေးက အခန်းဝမှာရပ်စောင့်နေတဲ့ဆန်းဝူဆိုသူကို မတွေ့ခင်ထိပဲဖြစ်လိုက်သည်၊

Lᴏᴏᴋ Iɴsɪᴅᴇ (GyuJin)Where stories live. Discover now