Feeling

591 53 2
                                    


*တန်းခွဲ(A)ကဟန်ယူဂျင်းကသူ့အစ်ကိုကိုကြိုက်နေတယ်!!*

ကျောင်း Home pageထဲဝင်လိုက်တာနဲ့တန်း
မြင်လိုက်ရတဲ့ပို့စ်ကြောင့်နဂိုကြည်နေတဲ့စိတ်ကလေးကနည်းနည်းတော့နောက်ကျိသွားတယ်။ တပ်ထားတဲ့ captionနဲ့တွဲတင်ထားတဲ့ပုံကအများအမြင်မှာမျက်စိဆံပင်မွှေးစူးပြီးပြောစရာတစ်ခုလို‌ဖြစ်နေတာ။

ဆိုရာမွေးနေ့တုန်းကမူးနေတဲ့ကိုကို့ကိုကူတွဲပေးရင်းကိုကို့ရင်ခွင်ထဲကနေအဆင်ပြေကြောင်းမော့‌မေးနေတဲ့သူ့ပုံကိုအထင်လွဲစရာcaptionနဲ့အမြင်လွဲ‌အောင်တမင်တင်ထားတယ်။ပို့စ်တင်တဲ့သူဘယ်သူဆိုတာပြေးကြည့်ရင်တောင်လွဲနိုင်တယ်ဒီတိုင်းကြည့်တောင်ဆန်းဝူမှန်းသူတပ်အပ်ပြောနိုင်ပါသည်။

ပို့စ်အောက်မှာအတန်းဖော်အချို့ရဲ့မှတ်ချက်တွေကိုလည်းတွေ့ရတယ်။သုန်မှုန်သွားတဲ့စိတ်ကိုနောက်ခဏထားပြီးသုံးလေးခုလောက်ရွေးဖတ်ဖို့ပြင်လိုက်တယ်။

*ကြောက်သွေးပါရင်ဖောက်ထုတ်မယ့်ကောင်လို့ထင်ထားတာအခုတော့သွေးတွေမထွက်ကျဘဲမျက်လုံးအိမ်ထဲကတောင်အချစ်ရည်တွေထွက်ကျနေပြီ*

*မင်းတို့ပြောတော့ဟန်ယူဂျင်းကတစ်မိုးအောက်တစ်ယောက်ဆို ဘယ်နေရာမှာလဲအချစ်အတွက်ဆိုရင်လား
LOL*

*သူတို့ကဖအေမတူမအေကွဲ ညီအစ်ကိုတွေပေါ့ ဒီပို့စ်သာမမြင်လိုက်ရင်ဂျင်းညီအစ်ကိုတွေရဲ့လုပ်ဇာတ်ကြီးထဲဒီနလပိန်းတုံးလေးကဘာမှမသိဘဲမျောပါသွားတော့မလို့*

*အဲ့စီနီယာကကောသိရဲ့လားသူ့ညီလေးကသူ့ကိုချိတ်ချင်နေတယ်ဆိုတာ*

*ဟေးအပေါ်ကတစ်ယောက် မြင်တာနဲ့တန်းမသိဘူးလား
ဂျိတ် ဂျိတ်ချင်းမို့ ချိတ်နေတာလေ!!*

ဟန်ယူဂျင်းတို့လူချစ်လူခင်ပေါလိုက်ပုံများရွေးဖတ်စရာတောင်မလိုအပေါ်ဆုံးကစဖတ်တာနဲ့တင်အများတကာရဲ့ပြောစရာလေးဖြစ်နေရပြီ။
ဒီ‌နေ့အတွက်တစ်ကျောင်းလုံးရဲ့ပြောစရာTopicကသူပဲဖြစ်လိမ့်မည်ထင်သည်။အလိုမကျမှုလေးအနည်းငယ်ရောစပ်နေတဲ့စိတ်ကလေးနဲ့ထိုပို့စ်အောက်မှာစာတစ်ကြောင်းကိုချန်လှပ်ထားဖို့လက်ချောင်းတို့ကိုဖုန်းစခရင်ပေါ်အလုပ်ပေးလိုက်တယ်။

Lᴏᴏᴋ Iɴsɪᴅᴇ (GyuJin)Where stories live. Discover now