"ကိုကိုကပင်ပန်းလို့ထင်တယ်အိပ်နေပြီဗျ""မင်းတို့ပြန်လာမယ်မှတ်လို့မင်းဦးလေးနဲ့အန်တီကညစာစားဖို့စောင့်နေကြတာ"
"အာ..ကြိုမပြောလိုက်မိလို့တောင်းပန်ပါတယ် ကျွန်တော်တို့လည်းလောလောနဲ့မို့"
"အားနာစရာလူတွေမို့လို့လားဒီကလေးကတော့ ယူဂျင်းလည်းအနားယူတော့လေပင်ပန်းနေမှာကို"
"ဟုတ်ကဲ့အဲ့ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်"
"အင်းပါ အင်းပါ တစ်ယောက်နဲ့တစ်ယောက်
သေချာဂရုစိုက်ကြနော်""ဟုတ်ကဲ့"
သိပ်ချစ်ရတဲ့လူကမူးနေတဲ့အချိန်မှာတောင်းဆိုခဲ့တဲ့စကားကိုတောင်ဟန်ယူဂျင်းဘက်ကအပြည့်အဝလိုက်နာတယ်။
ဂင်မ်ဂယူဘင်းဆိုတဲ့လူကထင်ထားတဲ့အတိုင်းတုံးအလွန်းတယ်။စဥ်းစားဉာဏ်မရှိဘူးဉာဏ်နည်းလိုက်တာလို့ပြောရအောင်လဲထိုလူကတစ်ချိန်ချိန်မှာရှေ့နေတစ်ယောက်ဖြစ်လာမှာ။ဖြစ်နိုင်ရင်လူတိုင်းအပေါ်အယုံလွယ်နေတဲ့အ ကြောင်းလက်ညိုးထိုးပြီးတော့ကိုဆူပစ်လိုက်ချင်တယ်။
"အပြင်မှာအေးတယ် အခန်းထဲသွားအိပ်"
"••••••••"
"ကျွန်တော်ပြောတာကြားလား အခန်းထဲသွားအိပ်ပါဆိုနေ"
"••••••"
"ကိုကို့ ပြဿနာကိုမရှင်းတော့ဘူးလား!!"
ဝရံတာဘက်ကပြတင်းပေါက်ကောအဲကွန်းကောဖွင့်ထားတဲ့အခန်းထဲနေပြီးချွေးပြန်နေတဲ့ဂယူဘင်းကထိုစကားကြားမှယူဂျင်းကိုလှည့်ကြည့်လာသည်။
"မင်း...မင်း သိနေတာလား"
" အသက်မပြည့်သေးတိုင်းဘာမှမသိရတော့ဘူးလို့
ဆိုလိုတာမှမဟုတ်တာပြီးတော့အဲ့ဆန်းဝူဆိုတဲ့လူကိုယုံတဲ့ကိုကိုကမှ တုံးအလွန်းနေတာမဟုတ်ဘူးလား"ကားပေါ်ကနေအိမ်ထဲထိတွဲလာပေးကတည်းကကိုယ့်အခန်းထိရောက်အောင်တောင်မသွားနိုင်ဘဲဧည့်ခန်းကဆိုဖာမှာတင်ခဏထားပေးဖို့ကိုကိုကပြောတယ်။အပြင်ကလာတဲ့လေအေးအေးတွေကသူ့ခံစားချက်တွေကိုသက်သာသွားလောက်တယ်လို့ထင်နေတဲ့ပုံဘဲ။