Wrong Answer

1.1K 103 0
                                    


ခပ်ဆူးဆူးအလင်းတန်းတစ်ခုက မျက်လုံးတစ်ဝိုက်လာရောက်တိုက်ခိုက်သည်မို့ ဂယူဘင်းမျက်ခုံးနှစ်ဖက်ကိုထိစပ်လုနီးပါးထိကျုံ့ထားမိသည်၊

မနေ့ကပုံမှန်အိပ်ချိန်ထက်ပိုပြီးညဥ့်နက်တာကြောင့် မနက်ကိုအချိန်တစ်ခုထိကြာအောင်အသုံးပြုမည်ဟု စဥ်းစားထားသော်လည်း အကျင့်ရနေသည့်မျက်လုံးတို့က မနက်ခြောက်နာရီဆိုအော်တိုပွင့်လာသည်၊

ဒီနေ့ကျောင်းပိတ်သည်မို့ ညကနဂိုထက်ပိုကြာအောင်နေဖြစ်ခဲ့တာလဲပါမည်၊စာမေးပွဲလည်းနီးလာပြီမို့ စာပိုလုပ်ဖြစ်တာကတစ်ကြောင်း၊ခေါင်းထဲဝင်လာသည့်ဘဝရဲ့ဟိုအတွေးဒီအတွေးတစ်ချို့ကိုအစအနလိုက်ရှာပြီးတစ်ယောက်တည်းအဖြေထိုင်ထုတ်နေသည်ကတစ်ကြောင်းနဲ့မို့မနက်သုံးနာရီထိဖြစ်သွားခဲ့သည်၊

အိပ်ချိန်မလုံလောက်တာကိုအချက်ပြတဲ့သဘောအနေနဲ့ အနည်းငယ်နောက်ကျိနေတဲ့ခေါင်းကိုဂယူဘင်းဒီမနက်လက်ဆောင်ရလိုက်သည်၊

ရေကိုခေါင်းအစခြေအဆုံးစီးဆင်းခွင့်ပေးလိုက်တော့အစောနကနောက်ကျိနေသည့်ခေါင်းကအနည်းငယ်ပြန်ကြည်လာသည်၊ရေကိုဇိမ်ခံချိုးလို့လည်းကောင်းတာတစ်ခုမှဖြစ်မလာမည်မို့ဂယူဘင်းအမြန်သာလုပ်ပြီးရေချိုးထဲကထွက်လာခဲ့လိုက်သည်၊

အခန်းထဲဟိုလျှောက်ဒီလျှောက်နှင့် ခေါင်းကိုရေစင်အောင်သုတ်ပြီး မနက်ကျအဆင်သင့်နေအောင်ဆိုပြီး ကျောင်းအတွက်ညကတည်းကကြိုလုပ်ထားတဲ့ပရောဂျက်ကို ပြန်စစ်ကြည့်ဖို့ဂယူဘင်းဟန်ပြင်လိုက်သည်၊ 

စာလုပ်တိုင်းသုံးနေကျလက်ပ်တော့လေးကိုဖွင့်လိုက်တော့ စခရင်ပေါ်က သူနဲ့ယူဂျင်းအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကနှုတ်ဆက်တဲ့အနေနဲ့စီးကြိုသည်၊ဂယူဘင်းနှုတ်ခမ်းပင့်ရုံလောက်လေးပြုံးလိုက်မိပေမယ့် အခုချိန်ယူဂျင်းသာသူ့ဘေးရှိရင်ဒီပြုံးနေခြင်းအကြောင်းကိုမေးခွန်းတစ်ခုလုပ်မေးနေမှာကျိန်းသေသည်၊

ဟိုလုပ်ဒီလုပ်နဲ့နာရီကိုလှမ်းကြည့်မိတော့ လက်တံတိုကရှစ်နဲ့လက်တံရှည်ကဆယ့်နှစ်ကိုအသီးသီးနေရာယူထားကြပြီမို့ ယူဂျင်းနိုးလာရင်တစ်ခုခုစားလို့ရအောင် ပြင်ဆင်ရန်အခန်းထဲကထွက်လာခဲ့သည်၊

Lᴏᴏᴋ Iɴsɪᴅᴇ (GyuJin)Where stories live. Discover now