part 1

1K 75 14
                                    

"ဟဲ့ ဟိုမှာ Lalisaမလား"

"အေး ဟဲ့ လာသွားမယ်"

"အေး "

"Lalisa ! Lisa! ဓာတ်ပုံအတူတူရိုက်လို့ရမလား !"

Lisaတစ်ယောက် ဘယ်သွားသွား ဒီလိုအခြေအနေကြုံရတာအကြိမ်ကြိမ်မလို့ယခုခါမှာ ကျင့်သားရနေပြီး ဘာမှမလုပ်ပါဘဲ ရုပ်ရည်ကြောင့် ဆယ်လီဖြစ်သွားတဲ့အလျောက် စိတ်ကျဉ်းကိပ်မှုကိုပါ တပါးတည်းရရှိလာတယ်

"Lisa yarrနင့်နဲ့လည်း အပြင်သွားရင် ဒီဟူဒီဘဲဝတ်နေရတယ် ငါနင့်မြင်ရင်အရမ်းသနားတာဘဲ"

လီဆာရဲ့ ကျောင်းနေဖက်သူငယ်ချင်းရိုစီရဲ့ စကားသံကြောင့် လီဆာ ရိုစီကိုမော့ကြည့်လိုက်တယ်

"ဘယ်နားကသနားစရာကောင်းနေလို့လဲ "

"ဟ နင်ကအမြဲဟူဒီရဲ့ မတ်စ်ရယ် တပ်ပြီးအပြင်ထွက် အဲ့ဟာမတွေက ဟူဒီရယ် မတ်စ်ရယ်နဲ့ မြင်ရင် အနားသွားပြီး သေချာအကဲခတ်ပြီးရင် လီဆာ လီဆာဆိုပြိးထအော် "

"အော်"

"မအော်နဲ့ နင်ဟာလေ တခြားတမျိုးပြောင်းဝတ်စမ်းပါ "

"ဟေ ရိုစီ နင်ငါ့ကိုအဆင်ပြေနေတဲ့လူလို့ထင်နေတာလား"

"နင်အခုထန ဂျီဆူပေါ် မုမအွန်နိုင်သေးဘူးလား(move on)"

ထိုသို့ပြောလိုက်သောအခါ တချိန်က အရမ်းချစ်ခဲ့ရတဲ့ရည်းစားဟောင်း Jisooကိုသွားသတိရမိသွားပြန်တယ်

"ရိုစီ နင်ဟာလေ ငါ့ကို ငိုအောင်တမင်ပြောနေတာလား "

ငိုမဲ့မဲ့ရုပ်ကို ရိုစီမြင်သောအခါ

"မသနားဘူး ငိုချင်ငို "

"သောက်ကောင်မ အမျိုးမျိုး ဗြဲ😭"

ဗြဲဆိုပြီးငိုချင်ယောင်ဆောင်လိုက်ပေမယ့် ကွဲနေတဲ့နှလုံးသားကြောင့်မျက်ရည်များထွက်ကျလာ၍ ရိုစီက သူ့ကြောင့်ငိုပြီးဆိုပြီး ပြာယာခတ်နေလေရဲ့

"ဟ မငိုနဲ့လေ လီဆာ မငိုနဲ့နော် တိတ်တိတ် ငါမုန့်ကျွေးမယ်လေ စားမလား ငါ့ရေခဲမုန့်ကျွေးမယ် "

"ဟင့် တကယ်လား"

"အင်တကယ် "

"အခုယူပေး"

နန်းတွင်းတစ်နေရာကအချစ်Where stories live. Discover now