part 6

734 62 10
                                    

"မယ်မယ် မယ်မယ့်ကို ချစ်တယ် "

"ဟင် "

"ဟုတ်တယ် lisa ဘုရင့်မိဖုရား Jennie ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်မိတယ်"

"....."

"ဘုရင့်မိဖုရားကိုချစ်လို့ အဆိပ်သောက်သတ်သေရမယ်ဆိုလည်းဖြစ်ပါတယ် lisaသေရဲတယ် lisaချစ်တာကိုဘဲသိနေစေချင်တာ "

"အခုအချိန် သမီးတော်ဖြစ်ချင်တာတွေဖြစ်လာအောင်လုပ်လို့မရဘူး အာဏာရတဲ့တစ်နေကတော့ သမီးတော်ဖြစ်ချင်တာတွေကိုအာဏ္ဌာနဲ့ဖြစ်အောင်လုပ်လို့ရတယ် "

မျက်လုံးဖွင့်လိုက်တာနဲ့ အလင်းရောင်စူးစူးကမျက်လုံးထဲအရင်ဝင်လာတယ်

*ငါအိမ်မက် မက်နေတာဘဲ ဒါက ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေများလား ဒါဆို လီလီက မိဖုရားကို ဖွင့်ပြောဖူးတယ်ပေါ့ ဒါဆို မိဖုရားဟိုနေ့ကနမ်းလိုက်တာက လက်ခံတာလား ကြားထဲဘာဖြစ်သေးပါလိမ့် သတိရအောင်ငါဘယ်လိုလုပ်ရမလဲ ထပ်အိပ်ရမလား fuck ငါဘာလုပ်ရမလဲ*

တစ်ယောက်တည်းယောက်ယက်ခပ်နေသောမင်းသမီးကို အခြွေအရံတွေကကြောင်ကြည့်နေကြလေတယ်

မကြာခင်မှာဘဲ နန်းဆောင်အရှေ့ကနေ

"မိဖုရားခေါင်းကြီး ကြွမြန်းလာပါတယ်"

ဆိုတဲ့အကြံကြားတာနဲ့ လီလီ ကမန်းကတန်းထကာ ထိုင်ရတော့တယ်

"သမီးတော်အခုမှနိုးတာလား"

"ဟီး ဟုတ်ပါတယ် မယ်မယ် "

"မယ်မယ်သမီးတော်ကို ကိုယ်ခံပညာသင်ကြာစေချင်တယ် "

အဲ့တာကလီလီ့အတွက်အရမ်းကိုလွယ်ကူလွန်တယ် လီလီက၂၃ရာစုမှာလည်းခါးပတ်နက်ပိုင်ရှင်လေ😏

"ဟုတ်ကဲ့မယ်မယ်သဘောအတိုင်းပါ"

မိဖုရားရဲ့ကိုယ်ရံတော်မီရာဆီမှာ မင်းသမီးကတိုက်ရည်ခိုက်ရည်ပညာကိုသင်ယူရတယ် အခြေခံရှိနေတဲ့လီလီက လွယ်လွယ်ကူကူသင်ယူနိုင်တဲ့အတွက် ခနလေးအတွင်း တတ်မြောက်သွားခဲ့တယ် နှစ်လအကြာမှာ မိဖုရားခေါင်ကြီးရဲ့တံခါးပတ်အစည်းအဝေးပွဲ(မှားလို့)တိတ်တဆိတ်အစည်းအဝေးပွဲ ကျင်းပကြတယ်

နန်းတွင်းတစ်နေရာကအချစ်Where stories live. Discover now