part 9

524 62 9
                                    

ဘယ်လောက်ဘဲအလိုမတူပါဘူးပြောပြော လီလီဟာဟိုမျိုးနွယ်ရဲ့အငယ်ဆုံးသမီးတော်ရဲ့ကြင်ယာတော်ဘဲလေ အိမ်နီးနားချင်းတိုင်းပြည်ကသူတွေကတော့ မင်းသမီးနှစ်ပါးရဲ့မင်္ဂလာပွဲကိုအံ့ဪကြပြီးကွယ်ရာမှာလှောင်ပြောကြပေမယ့် ဟိုမ‌ျိုးနွယ်ရဲ့တိုင်းပြည်စစ်အင်အားကိုမခုခံနိုင်ကြောက်ရွံ့ကြသဖြင့်ဘယ်လိုမှပေါ်တင်မပြောရဲကြ ပေါ်တင်မှာတော့ချီးကျူးကြရုံသာ

"လီလီ!!! ငါခေါ်နေတာမကြာဘူးလားဘယ်သွားနေတာလဲ အသင်ပြေးထားပေါ့ အသင့်ကိုမြင်တာနဲ့မြင်တဲ့နေရာသင့်ရဲ့ခြေတွေရိုက်ချိုးပစ်ဖို့ငါအာမခံတယ်!"

ဒီနန်းတော်ကြီးထဲနေလာတာ လီလီငါးလရှိပြီး လီလီ့အတွက်ဆိုးရွားတဲ့နေ့ရက်တွေကိုဘဲလီလီပိုင်ဆိုင်ရတယ် လီလီနေ့ရက်တိုင်ထွက်ပြေးချင်လာတယ် လီလီဒီလူတွေရဲ့နိပ်စက်မူတွေကိုခံမယ့်အစား မယ်မယ့်အနားကျွန်တစ်ယောက်လိုသာသွားနေချင်တယ် လီလီပုန်းရမယ် လီလီဒီကနေထွက်ပြေးဖို့ကြိုးစားရတာကြာပြီး မလွှတ်မြောက်နိုင်သေးဘူး ဟုတ်ပါတယ် လီလီအစက ဘာဖြစ်ဖြစ်ဆိုပြီလက်ထပ်ခဲ့ပေမယ့် လီလီ ဒီတိုင်းကြီးတော့မသေချင်ဘူး မယ်မယ့်အနားမှာနေပြီးသေချင်တယ် လီလီ့ရဲ့ နဂိုရာစုနှစ်ကိုပြန်မရောက်တောင် လီလီဒီရာစုမှာ မယ်မယ်နဲ့နေချင်တယ် လီလီ့ဆုံးဖြတ်ချက်အတွက်လီလီနောင်တမရဘူး လီလီရအောင်ထွက်ပြေးမယ် မယ်မယ်‌သင်ပေးထားတဲ့ပညာတွေကိုအသုံးချရမယ်

လီလီဘယ်လောက်ဘဲကြိုးစားပါစေ အစောင့်အကြပ်တင်းကြပ်ထားတဲ့ ဟိုမျိုးနွယ်ရဲ့နန်းတော်ထဲကနေဘယ်သူမှ ခွင့်ပြုချက်မရဘဲရှင်လျက်မထွက်နိုင်ကြဘူးလေ

"အရှင်မင်းသမီးရှင့် အရှင်မင်းသမီးရဲ့ကြင်ယာတော်ကိုကျွန်တော်မျိုးတို့ အကျဉ်ထောင်ရဲ့မြောက်အောင်ဆောင်ဘက်ခြမ်းမှာတွေ့ခဲ့ရကြောင်းပါ ကျွန်တော်တို့ခြေရာမပြတ်အောင်တော့စောင့်ကြည့်ထားပါတယ်ဘယ်လိုမျိုးလုပ်ပေးရမလဲခမျ မိန့်တော်မူပါ"

အဲ့လိုမျိုးပေါ့ ဟိုမင်းသမီးမှာတော့နန်းဆောင်ကတောင်အပြင်ထွက်စရာမလိုလိုက်ပါ အပြင်ထွက်ရပြီးဆို ရှိသမျှမင်းမှုးမင်းမတ်တွေသေဖို့ရှိတယ်လေ

နန်းတွင်းတစ်နေရာကအချစ်Where stories live. Discover now