"ဟဲ့..နင့်အကို ကဆယ်တန်းလေ ဘယ်လိုလုပ်သူ့မှာ ပန်းကန်ဆေးမဲ့အချိန်ရှိမှာလဲ နင်ကအငယ်နင်ဆေးပေးရမှာလေ နင်ဆယ်တန်းတက်ရင်လဲနင့်အကိုကိုပဲဆေးခိုင်းမှာ"
ဆောင်းနှင်းလင်းလဲ အမေ့စကားမလွန်ဆန်နိုင်တော့ အကိုအကြီးဆုံးရဲ့စားပြီးသားပန်းကန်များကိုယူဆေးနေရသည်
*အမေ အားလုံးဆေးပြီးပြီနော် သား ကျောင်းသွားတော့မယ်*
" အေး အေး ဆိုင်ကယ်ဖြေးဖြေးမောင်း"
ဆောင်းနှင်းလင်းလဲ အိမ်ခေါင်းရင်းဘက်ကဆိုင်ကယ်လေးထုတ်ကာ ကျောင်းသို့ခပ်မှန်မှန်မောင်းလာပြီး ခေါင်းထဲမှာကတော့အတွေးပေါင်းတစ်သောင်းခြောက်ထောင်နဲ့ ဆောင်းနှင်းလင်းရဲ့အကိုက ငယ်ကထဲကပင် အဖွားတွေရှိရာ မန္တလေးမြို့ကိုလိုက်သွားကာ ဟိုမှာပဲကျောင်းတက်ခဲ့ခြင်းပင်
ငယ်ကထဲကခွဲနေတာရော သားအကြီးဆုံးဖြစ်တာကြောင့် မိဘတွေကအလိုလိုက်ချစ်ပေးကြသည် အမျိုးများကလဲ သားအကြီးကိုမှအချစ်ပိုကြသည် ဆောင်းနှင်းလင်းကိုဆို ရှိတယ်လို့တောင်မထင်ကြ အကြီးကြပြန်တော့လဲ အကြီးမို့လို့ အငယ်တွေနဲ့ကြပြန်တော့လဲ
ကိုယ့်ထက်အငယ်တွေနဲ့တွက်ကပ် နေရလားဆိုပြီး အမြဲဆူခံထိတယ် အမှန်တော့ အလတ်ဆိုတဲ့နေရာက ကြားလို့လဲမကောင်းသလို နေလို့လဲမကောင်း...ယောကျာ်းလေးတန်မဲ့ မီးဖိုချောင်ကူသလို အဖေ့လုပ်ငန်းတွေလဲဝိုင်းကူပေးသည့်တိုင် တစ်ချက်မှားတာနဲ့ တစ်သက်ပြောမဆုံးနိုင်
မှတ်မိပါသေးတယ် တစ်ခါကအမေပိုက်ဆံ 5000ပျောက်သွားတော့
ကျွန်တော့်ကိုပဲ ငြိုးပြီး ခိုးတယ်ဆိုပြီး အရိုက်ခံရတာ ပြန်မပေးရင်ရေနွေးပူအိုးထဲလက်နှစ်မယ်တဲ့ 2တန်းကျောင်းသားအရွယ်မှာ ဘယ်ကပိုက်ဆံ5000 ရှိမှာလဲ နောက်မှ အမေသတိရသွားတယ် သူမနက်က ဘုန်းကြီးကိုလှူလိုက်တာတဲ့
ဒီလိုပါပဲ ငိုချင်ရက်နဲ့တောင်ပြုံးပြီး "ဟုတ်အမေ"လို့ဖြေခဲ့ရတာ"ဟာ ဟေ့ကောင် ငလင်း"
အတွေးလွန်ကာ ကျောင်းပါကျော်မောင်းသွားတဲ့သူငယ်ချင်းဖြစ်သူကိုအောင်ဖြိုးဇော် လှမ်းခေါ်လိုက်မှ သကောင့်သားပြုံးဖြဲြဖဲနဲ့ နောက်ပြန်လှည့်လာတယ်
YOU ARE READING
Only for you, my love
Romance-မောင့်..ရင်ခွင်ကျယ်က မင်းတစ်သက်လုံးခိုနားဖို့ရာလုံလောက်တယ် အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီရင်ခွင်မှာပဲ ခိုနားလှည့်ပါ -ကျွန်တော့်ကိုလူတွေဘာပြောပြောဂရုမစိုက်ပေမဲ့ ခင်များကိုပြောတာကိုတော့ကျွန်တော်မခံစားနိုင်ဘူး