မနက်မိုးလင်းတော့ ရေမိုးချိုးအဝတ်စားလဲပြီး အလုပ်သွားဖို့ပြင်ရသည် အခန်းထဲကအထွက် စားပွဲခုံလေးပေါ်မှာ မနေ့ကအမေလွင့်ပစ်လိုက်တဲ့သူ့စာအုပ်လေး...
ကြည့်ရတာ ဆောင်းနှင်းပန်းလေးကောက်ထားပေးပုံပဲ အရာရာကအေးအေးဆေးဆေးပင် မနေ့ကဘာမှမဖြစ်ခဲ့သလို
အလုပ်ရောက်တော့ အရင်ရောက်နေတဲ့အောင်ဖြိုးဇော်မှ
"ဟေ့ရောင် ဒီလောက်ပူနေတာကို ဘာလို့အင်္ကျီလက်ရှည်ကြီးနဲ့လဲ"
ပြောလဲပြော ညာဘက်အင်္ကျီလက်ကိုဆွဲလိုက်မိတော့ ချက်ချင်းလက်ကိုနောက်ပို့လိုက်တဲ့ဆောင်းနှင်းလင်း ပုံစံကြောင့် တစ်ခုခုတော့ဖြစ်နေပြီဆိုတာ ေအာင်ဖြိုးဇော်သိလိုက်သည် အတင်းဆွဲယူကြည့်မိတော့ ညာဘက်လက်ကအတော်လေး ယောင်ကိုင်းနေသည်
"ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ ပြောလေ ဆောင်းနှင်းလင်း! !"
အောင်ဖြိုးဇော်ရဲ့အသံမှာအနည်းငယ်ကျယ်သွားသည်မို့ အနားမှာရှိတဲ့ မထွေးကြီး ,မထွေးလေးနဲ့ မအိမွန်တို့သတိထားမိသွားကြပြီးအတားရောက်လာကြသည် စာရေးမထဲတွင်အငယ်ဆုံးဖြစ်တဲ့ မထွေးလေးက
" ဟယ် ကလေး ဘယ်လိုဖြစ်လာတာလဲ တစ်ခုခုနဲ့ရိုက်မိထားတာလား မထွေးကြီးရေ ဟိုရေသန့်ဗူးတွေထားတဲ့အခန်းထဲဆေးသေတ္တာရှိတယ်ယူပေးပါအုန်း"
သူတစ်ယောက်ကြောင့်နဲ့အလုပ်ရှုတ်သွားကြသည့်လူတွေကိုကြည့်ပြီး ဆောင်းနှင်းလင်း တကယ်ကိုအားနာမိပါသည် စာရေးပြဖို့ရာ စာအုပ်လေးကိုင်ယုံရှိသေးတယ် အောင်ဖြိုးဇော်ရဲ့အကြည့်စူးစူးအောက်မှာ လက်ကလေးအသာပြန်သိမ်းထားလိုက်ရသည် ဆေးသေတ္တာရောက်လာတော့ အပေါ်အင်္ကျီချွတ်ခိုင်းပြီး လက်ကိုဆေးလိမ်းပေး ပတ်တီးစည်းပေးနဲ့ အားလုံးဝိုင်းဂရုစိုက်ပေးကြသည်
အောင်ဖြိုးဇော်မှာ အစကစိတ်ဆိုးမိတာတော့အမှန်ပဲ ရှိတာမှ ဒီသူငယ်ချင်းလေးနှစ်ယောက်ထဲကို တစ်ခုခုဖြစ်ခဲ့ရင်ပြောပြသင့်တယ်မလား ဘာမေးမေးအဲ့သောက်လုံးအပြူးသားနဲ့ပဲလိုက်ကြည့်နေတာ ပြီးရင်တော့ သေချာမေးရမယ်လို့တွေးနေတုန်း လက်မောင်းက အရှိုးရာကိုမြင်ဖြစ်အောင်မြင်လိုက်မိသည် သူမမေးလဲသိလိုက်ပါပြီ ဒီလောက်ဆို ဆောင်းနှင်းလင်း လက်ကဒဏ်ရာက သူ့အိမ်ကရခဲ့တဲ့အကြောင်းကိုပေါ့
YOU ARE READING
Only for you, my love
Romance-မောင့်..ရင်ခွင်ကျယ်က မင်းတစ်သက်လုံးခိုနားဖို့ရာလုံလောက်တယ် အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီရင်ခွင်မှာပဲ ခိုနားလှည့်ပါ -ကျွန်တော့်ကိုလူတွေဘာပြောပြောဂရုမစိုက်ပေမဲ့ ခင်များကိုပြောတာကိုတော့ကျွန်တော်မခံစားနိုင်ဘူး