ပထမဆုံးအလုပ်တက်ရက်.....
ထွေထွေထူးထူးဘာမှမလုပ်ရပေမယ့် ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုတော့ ရင်းနှီးအောင်လိုက်ကြည့်ရသည် ထိုအလုပ်မှာစီနီယာအကျဆုံးဖြစ်တဲ့ မယဥ်နွယ်ကလိုက်ပြပြီးလိုအပ်တာတွေကိုပြောပြပေးသည် ဆောင်းနှင်းလင်းရဲ့အားနည်းချက်ကိုသိနေသည့်တိုင်ဘယ်သူမှပျက်ရယ်ပြုခြင်းနှိမ်ခြင်းမရှိကြနေ့လည်ထမင်းစားချိန်ရောက်တော့ယောကျာ်းလေးမိန်းကလေးမခွဲပဲ အလုပ်အားရက်အားတဲ့အဖွဲ့ကထမင်းအရင်ဝင်စားကြသည် ဆောင်းနှင်းလင်းနဲ့အောင်ဖြိုးဇော်လဲ ပါလာတဲ့ထမင်းချိုင့်ဖွင့်ကာစားတော့မည့်အချိန်
"ဟိတ်..ဗိုက်ဆာနေကြပြီလား"
အသံကြားရာကြည့်လိုက်တော့ သူတို့အင်တာဗျူးဖြေမယ့်နေ့ရလိုက်ပို့ပေးတဲ့အမပဲ အောင်ဖြိုးဇော်မှသွက်လက်စွာပင်"ဆာတယ်လဲမဟုတ်သေးပါဘူး အားတဲ့အချိန်လေးအပြေးစားရတာ ပြီးရင် ဂိုဒေါင်သွားပြီး သင်စရာတွေရှိသေးတယ်လေ"
ဆောင်းနှင်းလင်းကတော့ ပြုံးကာခေါင်းသာအသာငြိမ့်ပြလိုက်သည်
" အမနာမည်က မထွေးလေးတဲ့ တစ်ခုခုမသိရင်မေးလို့ရတယ်သိလားဒီနေ့မှ စဆင်းရက်မလား သိပ်မလုပ်နဲ့အုန်း ဂိုဒေါင်ထဲရောက်ရင် အဲ့ကပစ္စည်းတွေ ဆိုဒ်တွေ အခေါ်ဝေါ်တွေသိအောင်လုပ် ဒါမှ ဘောင်ချာဆွဲတဲ့အခါအဆင်ပြေမှာဒီရက်ပိုင်းတော့ အဲ့ဂိုဒေါင်ကိုအပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ပင်ပန်းကြအုန်းမယ်"
"ဟုတ် ရပါတယ်ဗျာ ကျွန်တော့နာမည်က အောင်ဖြိုးဇော်
ဟိုတစ်ယောက်ကတော့ ဆောင်းနှင်းလင်း ပါ တစ်ခုခုဆိုအကူညီတောင်းမယ်နော် မထွေးလေး""ဒါပေါ့ ဒါပေါ့ စားပြီးရင်အရှေ့မှာဖျော်ရည်လာသောက်ပြီးရင် ဒီကစာရေးမ တွေအားလုံးနဲ့မိတ်ဆက်ပေးမယ်"
"ဟုတ် ကျေးဇူးပါဗျ "
မထွေးလေးလဲထမင်းချိုင့်ဖွင့်ကာ သူတို့နဲ့အတူထမင်းစားပြီး ဆိုင်က စာရေးမကစပြီး အလုပ်သမားတွေထိအောင်မိတ်ဆက်ပေးသည် နေ့လည်ကြတော့ဂိုဒေါင်တာဝန်ယူထားတဲ့ မအိမွန်ကလာခေါ်သွားပြီး ပစ္စည်းတစ်ခုချင်းစီကိုစိတ်ရှည်ရှည်နဲ့ရှင်းပြပေးသည်
YOU ARE READING
Only for you, my love
Romance-မောင့်..ရင်ခွင်ကျယ်က မင်းတစ်သက်လုံးခိုနားဖို့ရာလုံလောက်တယ် အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီရင်ခွင်မှာပဲ ခိုနားလှည့်ပါ -ကျွန်တော့်ကိုလူတွေဘာပြောပြောဂရုမစိုက်ပေမဲ့ ခင်များကိုပြောတာကိုတော့ကျွန်တော်မခံစားနိုင်ဘူး