နွေရာသီကျောင်းပိတ်ရက်ဆိုတော့မနက်မိုးလင်းတာနဲ့ အိမ်သန့်ရှင်းရေးလုပ် ချက်ပြုတ်နေတဲ့အမေ နားမှာလိုအပ်တာယူပေး ဆေးပေးကြောပေးနဲ့အတော်အလုပ်ရှုတ်ပါသည်
ဆောင်းနှင်းလင်း လက်ထဲအဆင်သင့်ရေးထားတဲ့စာလေးကိုပြရနိုးနိုး မပြရနိုးနိုးစိတ်ထဲလွန်ဆွဲလို့...
အမေ ချက်ပြုတ်လို့ပြီးတော့မှ တွန့်ဆုတ်ဆုတ်နဲ့စာအုပ်လေးပြလိုက်တော့" အမလေး ဆောင်းနှင်းလင်းရယ် တနေကုန်ချက်ရပြုတ်ရမအားတဲ့ မအေကိုကူမယ်မရှိဘူး အပြင်ထွက်လက်ယားလက်ယားအလုပ်လုပ်ချင်သေးတယ် ဟုတ်လား"
ဒီကျောင်းပိတ်ရက်လေးအပိုဝင်ငွေလေးရှာချင်လို့ ခွင့်တောင်းမိပေမဲ့လဲ သိပ်တော့မမျှော်လင့်ထားပေ
*ဒီတိုင်း သူငယ်ချင်းနဲ့အတူလုပ်ချင်လို့ပါ ကားပစ္စည်းအရောင်းဆိုင်မှာသွားလျှောက်ကြည့်မလို့*
သူရေးပြတဲ့စာကိုဖတ်ပြီး စာအုပ်ကိုလက်ထဲမှဆွဲယူကာ ခေါင်းကိုနှစ်ချက်ခန့်အရိုက်ခံလိုက်ရသည်
"နင့်ကိုအလုပ်ထွက်လုပ်ခိုင်းရအောင် ငါတို့ကစားရမဲ့သောက်ရမဲ့ဖြစ်နေလို့လား ဟမ် ကိုယ့်အခြေနေကိုယ်မသိဘူးလား စကားမပြောနိုင်တဲ့ အအ တယောက်ကိုဘယ်သူကအလုပ်ခန့်မှာလဲ ပန်းရံအဖွဲ့ထဲသွားပြီးအုတ်သယ်ရင်သယ် မဟုတ်ရင်
စည်ပင်ထဲဝင်ပြီးလမ်းဘေးတံမြက်စည်းလှည်းချည်"အမေ့ရဲ့အော်ဟစ်ဆူပူသံကြောင့် အိမ်ရှေ့ခန်းမှအဖေမှထလာကာ
"ဘာဖြစ်ကြပြန်ပြီလဲ မင်းတို့သားအမိ ဆူညံနေတာပဲ အိမ်လာဘ်တိတ်အောင်""ဘာဖြစ်ရမလဲ ရှင့်သားလေ အပြင်ထွက်အလုပ်လုပ်ချင်လို့တဲ့ ရှင်ပဲပြောတော့"
ဒေါ်နှင်းနုနွယ် လဲ ယောကျာ်းဖြစ်သူကိုပြောပြီး အိမ်ရှေ့ဧည့်ခန်းသို့ဝင်သွားသည် မီးဖိုဆောင်တွင်ကျန်ခဲ့တဲ့ဦးလင်းခန့်လဲ သက်ပြင်းအသာချရင်း
"အိမ်မှာပဲနေပြီး မအေကိုကူပေးချည် အပြင်အလုပ်လုပ်မနေနဲ့ ပင်ပန်းတယ်"
*ဒါပေမဲ့ အဲ့အလုပ်ကမပင်ပန်းပါဘူး ပြီးတော့ အောင်ဖြိုးဇော်
လဲလုပ်မှာ အိမ်နဲ့လဲသိပ်မဝေးဘူး ပြီးတော့ စကားပြောဖို့လဲမလိုဘူး ဘောင်ချာဆွဲရုံပဲတဲ့ သားလုပ်ချင်တယ်အဖေ*
YOU ARE READING
Only for you, my love
Romance-မောင့်..ရင်ခွင်ကျယ်က မင်းတစ်သက်လုံးခိုနားဖို့ရာလုံလောက်တယ် အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီရင်ခွင်မှာပဲ ခိုနားလှည့်ပါ -ကျွန်တော့်ကိုလူတွေဘာပြောပြောဂရုမစိုက်ပေမဲ့ ခင်များကိုပြောတာကိုတော့ကျွန်တော်မခံစားနိုင်ဘူး