Mara_14

1.8K 175 31
                                    

Min Soheeနဲ့ကိစအပြီး ဦးJeon နဲ့Taehyungရဲ့ဆက်ဆံရေးကပိုပွင့်လင်းလာခဲ့ပေမယ့်ဆိုးကျိုးက​တော့အတော်လေးများသည်။

အာပါးနဲ့တောင်ချုပ်ချယ်မခံရတဲ့Taehyungက ဦးJeonနဲ့အတူနေကာမှဘဲ မူကြိုကလေးလို ကျောင်းပို့ကျောင်းကြိုလုပ်သလိုလုပ်ခံနေရပြီး

Jiminတို့ကမကူညီတဲ့အပြင်သူဒုခရောက်နေတာကိုကြည့်ကာ အသေနှိမ်သည်။

အခုတော့ဦးJeon လစ်တုန်းလေးTaehyungမှာအပြင်ထွက်လာခဲ့နိုင်တာကြောင့်ထောင်ကနေလွတ်လာတဲ့သူလိုအူမြူးနေရင်းMin yoongiတို့ရှိတဲ့Braကိုခိုးကြောင်ခိုးဝှက်ထွက်လာခဲ့သည်။

" Kim Taehyung လာမယ်ထင်လားyoongi "

" အင်း လာလောက်မယ်လို့တော့ထင်တာဘဲ "

" ငါတော့မထင်ဘူး အဲ့ကောင်ဦးjeon ကိုကြောက်တာမှအမှီကိုကုပ်နေတာဘဲ ငါတို့အလောင်းအစားလုပ်ရအောင် ငါကKim Taehyung မလာတဲ့ဘက်ကလောင်းမယ် ငါရှုံးရင်ဒီဝိုင်းငါရှင်းမယ်..လောင်းမလား yoongi"

Kim Taehyung ကိုနောက်မှာထားရင်းKim Taehyung အတင်းကိုပြောနေတဲ့ Park jiminအား မှတ်လောက်သားလောက်ရှိလေအောင် Min yoongiနဲ့လောင်းကျေးစားကျေးထပ်ခိုင်းပြီး အဲ့ဂျပုမွဲတဲ့အထိအရက်သောက်ဖို့တေးပြစ်လိုက်သည်။

" မင်းပါးပါးကဒီမှာ ခွေးသားလေးရဲ့ "

" fuck! Kim Taehyungကြီးကဘယ်လိုလုပ်ပြီးရောက်လာတာလဲ ဒီအချိန်ဆိုဦးJeonကိုကြောက်ပြီးအိပ်ယာစောစောဝင်နေရမှာမလား "

Park jiminနှိမ်သမျှကသူ့ကိုဒဲ့ထိသည်မို့ဘာမှတောင်ပြန်မပြောန်ိုင်

ရှေ့ကရှိတဲ့အရက်ခွက်တွေကိုသာတစ်ခွက်ပြီးတခွက်ဆွဲမော့ရင်း park jimin ပိုက်ဆံပိုကုန်စေဖို့သာရည်ရွယ်ထားသည်။

" နှိမ်လို့ရတုန်းငါ့ကိုနှိမ်ထားပေါ့ အခုချိန်ငါလည်းဘာမှပြန်မလုပ်နိုင်ဘူး နည်းနည်းလေးလှုပ်လိုက်ရင်တောင်ဦးJeonကအာပါးကိုပြန်တိုင်လိမ့်မယ်အဲ့လူကတကယ့်ချီးထုပ်ကြီး "

"ဒါနဲ့ ဦးဂျွန်ရဲ့လက်ထပ်ပွဲကနီးနေပြီမလား မင်းဘယ်လိုမှမခံစားရဘူးလို့​တော့မပြောစမ်းနဲ့Taehyung"

 𝘔 𝘈 𝘙 𝘈 Où les histoires vivent. Découvrez maintenant