"~~~ကလင် ကလင်~~~"
နာရီကို တစ်ချက်ကြည့်လိုက်တော့ ဒီကောင်လေးဟာ ဟန်ဘင်းမျှော်နေတဲ့ ကောင်လေးပဲ
"ဒီမှာ"
"ပုံမှန်လိုပဲ Ice Americano ကို two shot မဟုတ်လား"
"ဟုတ်ကဲ့ဗျ"
ဟန်ဘင်းမြင်မြင်ချင်းအချစ်ကို မယုံခဲ့ပါဘူး ဒီကောင်လေးကိုမတွေ့ခင်အထိပေါ့ အိုမား ဖွင့်ထားတဲ့ café ဆိုင်လေးကို တစ်နေ့အလည်လာရင် ဒီကောင်လေးကို သတိထားခဲ့မိတာ အခုတော့ ဟန်ဘင်း café ဆိုင်လေးမှာပါ အလုပ်ဝင်နေခဲ့ပြီး ဒီကောင်လေးက ဟန်ဘင်းနှလုံးသားထဲမှာ အတိအကျ နေရာယူထားလိုက်ပြီးပဲ။
ဘာလိုလိုနဲ့ 1ခွဲသွားပြန်ပြီ အမြဲတမ်း ထိုကောင်လေးက 12နာရီ အတိဆိုတာနဲ့ စာအုပ်များစွာ နဲ့ laptop လေးကိုင်တာ ဟန်ဘင်းတို့ဆိုင်လေးဆီ အမြဲလာတက်တယ် 1နာရီခွဲလောက်အထိ သူ့ရဲ့ laptop ဒါမှမဟုတ် စာအုပ်ပေါ်မှာပဲ စိတ်ကိုနှစ်ထားသေးတာ ဒီကလေး ကြည့်ရတာ အထက်တန်းကျောင်းသားလေးထင်ပါရဲ့
ဟန်ဘင်းဒီကောင်လေးကို သဘောကျနေတာ တစ်လကျော်ပြီပဲ အခုထိ ကောင်လေးနာမည် ကောင်လေးအကြောင်းလုံးဝမသိရသေး ဟန်ဘင်းဘက်ကပဲစပြီး အရင်စကားစပြောသင့်လား
ဟောကောင်လေးပြန်သွားပြီပဲ ဟန်ဘင်းအတွက်ကတော့ ဒါဟာနေ့တိုင်းပုံမှန်ပါပဲ ကောင်လေးမျက်နှာကို ခနပဲဖြစ်ဖြစ်တွေ့ရတာတောင် ဟန်ဘင်းအတွက် ပျော်စရာပဲ ဟန်ဘင်း အဲ့သလောက်ထိ ထိုကောင်လေးကို ချစ်မိသွားခဲ့တာ။
"ဟိုကောင်လေး စာအုပ်တစ်အုပ်ကျန်ခဲ့တာပဲ"
"ကင်မ်ထယ်ရယ်"
ဟန်ဘင်းတိုးညှင်းစွာ ဖတ်လိုက်မိတယ် ထိုကောင်လေးနာမည်က ကင်မ်ထယ်ရယ်တဲ့လား
.𝙼𝚎𝚎𝚝 𝚖𝚎 𝚊𝚝 𝚝𝚑𝚎 𝚌𝚊𝚏é
"ဒီမှာဗျ"
"ကင်မ်ထယ်ရယ်မဟုတ်လား မဟုတ်ရင်တောင် အစ်ကိုလည်း ဒီက ညီလေးကိုစောင့်နေတာ မနေ့က စာအုပ်လေးတစ်အုပ်ကျန်ခဲ့လို့"
"ဟုတ်တယ်ဗျ စာအုပ်ထဲမှာလည်း အရေးကြီးတာလေးတွေပါနေလို့ ကျေးဇူးပါနော်"