ɪ ʟᴏᴠᴇ ʏᴏᴜ ʙᴜᴛ ɪ ᴡᴏɴ'ᴛ ᴛᴇʟʟ ʏᴏᴜ {1}

495 65 7
                                    

"မက်သရူးရေ..."

ယူဂျင်းကအပြေးအလွှားနဲ့ မက်သရူးဆီကိုလာလေ၏။

"ဘာဖြစ်တာလဲ အလန့်တကြား"

"ဒီမှာကြည့် Binthew fan page ကနေ မင်းနဲ့ အစ်ကိုဟန်ဘင်း  စက်ဘီးအတူတူစီးနေတဲ့ပုံတွေတင်ထားတယ်"

"ဟော မြန်လိုက်တာ သူတို့က FBI တွေများလား မနက်ကမှ ငါစက်ဘီးပျက်သွားလို့ အစ်ကိုနဲ့အတူတူလိုက်လာတာပါကွာ"

"ငါလည်း တစ်နေ့တစ်နေ့ ဒီ fan page ထဲပဲဝင်ကြည့်နေရတာ ဘာပဲပြောပြော မင်းတို့နှစ်ယောက်ရဲ့ followers ကနည်းတာမဟုတ်ဘူးနော်"

"ဟျောင့် လာစမနေနဲ့ ဒါနဲ့ နောက်တစ်ပတ် picnic သွားမဲ့ကိစ္စလေ အဲ့တာဘယ်ကိုလဲ မင်းဘာကြား‌ထားသေးလဲ"

"Seobin မဟုတ်ရင် Daecheon လို့ကြားတာပဲ"

"bada?? {ပင်လယ်} ဝါး ဒီတစ်ခါတကယ်မိုက်တာပဲ"

"Binthew fan page ကြီးကတော့ အလုပ်တွေရှုပ်နေဦးမှာ မြင်ယောင်ပါတယ်ကွာ"

"မင်း....."

မက်သရူးက ထယ်ရယ် ပခုံးကို ဗုန်းခနဲမြည်အောင် ရိုက်လိုက်သောကြောင့် ထယ်ရယ်က မက်သရူးကို မကျေနပ်တဲ့ပုံစံနဲ့ လှမ်းကြည့်လေ၏။

အစ်ကိုနဲ့ မက်သရူးက ငယ်ငယ်ထဲက အိမ်နီးချင်းများ ဖြစ်ခဲ့ကျ၏ အစ်ကိုကလည်း မက်သရူးကို ညီလေးအရင်းတစ်ယောက်လို ဂရုစိုက်ပေးတက်‌သောကြောင့် ကျောင်းက ကလေးတွေက အစ်ကိုဟန်ဘင်းနဲ့ ကျွန်တော့်ကို သဘောကျတူကျကာ fan page တွေထောင်လာကျ၏ ကျွန်တော့်တို့နှစ်ယောက်ရဲ့ တစ်နေ့တာအကြောင်းများကို ရေးကာတင်ကျသည်

ကျွန်တော်ကော အစ်ကိုကော ဒီကိစ္စကို လုံးဝမဖြေရှင်းခဲ့ပါ အကိုကပြောသေးသည်  "ရှင်းလိုက်ရင် ပိုပြီး ကိစ္စတွေရှုပ်ကုန်မှာပေါ့ မက်ချူးရဲ့ ဒီအတိုင်းထားလိုက် ကြာရင် သူတို့မေ့သွားကြမှာပါတဲ့"  အစ်ကိုစကားကြောင့် မက်သရူး ဘာမှမပြောပဲနေလိုက်သော်လည်း ကိစ္စကမပြီးပဲ ပို၍‌ကြီးထွားလာသည် အခုဆို ကျောင်းရဲ့98%လောက်က Binthew fanတွေကြီးပင်။

"မက်ချူး"

"အာ့ အစ်ကို"

အစ်ကိုဟန်ဘင်းက မက်သရူးအတန်းကိုလာ၍ မက်သရူးကို လာခေါ်သောအခါ science သင်ရသောကြောင့် ပျင်း၍အိပ်နေကျသော အတန်းထဲရှိ လူအများက ခေါင်းလေးတွေဖော်လာကျ၏။

sᴜɴɢ ʜᴀɴ ʙɪɴ × sᴇᴏᴋ ᴍᴀᴛᴛʜᴇᴡ {ᴏɴᴇ sʜᴏᴛ}Tempat cerita menjadi hidup. Temukan sekarang