Seoul ကနေ Daecheon အထိကို သုံးနာရီလောက်ပဲသွားရပေမဲ့ မက်သရူးကတော့ ဟန်ဘင်းပခုံးပေါ်မှာ အိပ်မောကျနေလေသည် ချစ်စရာလေးဟု ဟန်ဘင်းစိတ်ထဲကနေပြောမိလိုက်၏ အမှန်တိုင်းပြောရရင် မက်သရူးဘာလုပ်လုပ်အရာရာတိုင်းက ချစ်ဖို့ကောင်းလာတာကြီးပဲ မဟုတ်လား
"မက်သရူး ငါတို့ရောက်......"
"ရှူး"
ယူဂျင်းက မက်သရူးကိုလာခေါ်နေပေမဲ့ မက်သရူးလန့်နိုးသွားမှာမျိုး ဟန်ဘင်းမမြင်ချင်တာကြောင့် ယူဂျင်းကို အသံတိတ်ခိုင်းလိုက်သည်
"အယ် အိပ်ပျော်သွားတာပဲ"
"ယူဂျင်း ဆင်းနှင့်လေ အစ်ကို မက်ချူးနိုးသွားတဲ့ အခါကျ ဆင်းလာခဲ့လိုက်မယ်"
"ဟုတ် အစ်ကိုဟန်ဘင်း"
2နာရီကျော်လောက်ရှိပြီမှန်ပေမဲ့ ဟန်ဘင်း ပခုံးကို တစ်ချက်မှမလှုပ်ခဲ့ပါ တော်ကြာမက်ချူးနိုးသွားရင် ဘယ်လို့လုပ်ရပါ့မလဲ ဟန်ဘင်း မဖြစ်စလောက် နာတာလေးကို မက်ချူးအတွက် သည်းခံပေးသင့်တယ်လေ
"အာ့ အစ်ကို...."
"မက်ချူးနိုးပြီးလား"
"ကျွန်တော် တကယ်ကြီးအိပ်ပျော်သွားတာလား အကို့ပခုံးပေါ်မှာလေ??"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ မက်ချူးရဲ့"
"အစ်ကိုက ဒါဆိုတစ်လမ်းလုံး ဒီအတိုင်းကြီးနေလာတာလား ကျွန်တော့်ကို နိုးတာမဟုတ်ဘူး အားနာစရာကြီး"
"အစ်ကိုကအားနာစရာလူလား မက်ချူးကလည်း"
"ဒါပေမဲ့လည်း အားနာရတာပဲလေ အကြာကြီးဆိုတော့ နာနေမှာပေါ့"
"ကိုယ်ချစ်ရတဲ့သူအတွက်ပဲ နာတော့လည်းနာပေါ့.....ကိုယ်ဆင်းနှင့်ပြီးနော် မက်ချူး"
အစ်ကို အခုမက်သရူးကိုဘာပြောသွားတာလဲ? ချစ်ရတဲ့သူ??? ကြည့်ရတာ ညီလေးလိုချစ်တာလို့ပြောချင်တာများလား
🌷
"မက်သရူး လာပြီလား ငါတို့ကမင်းကိုစောင့်နေတာ"
"အပိုတွေ ကိုယ့်ရည်းစားတွေနဲ့ပျော်နေပြီးတော့များ"
"သူ့မှာရည်းစားမရှိတော့ အဲ့လိုပြောတာပေါ့ သနားတော့ သနားပါတယ်"