"Ricky ငါဒီမှာ"
"အင်း မင်းပဲရောက်သေးတာလား ကျန်တဲ့သူတွေကော မလာသေးဘူးလား"
"ဘယ်တုန်းက ချိန်းရင် အချိန်မှန် ရောက်လာကျလို့လဲ"
Jiwoong ရဲ့ စကားကို Ricky ကသဘောကျစွာရယ်လိုက်သည်
"ငါတို့ရောက်ပြီ"
"Han bin မင်းတို့က အတူတူရောက်လာကျတာလား"
"ဟုတ်တယ်Ricky ငါလမ်းမှာ Gyuvin နဲ့
Jeonghyeon တို့နဲ့ ဆုံးလို့""Jay အဲ့ကောင်မရာက်သေးဘူလား"
"သူ့အကြောင်းလဲသိရဲ့သားကွာ အခုလောက်မှ အိမ်ကထွက်မှာ"
"Kim Jiwoong သိလှချည်လား"
"ဟျောင့် Gyuvin ငါတို့ချိန်တာ တစ်ခါနှစ်ခါလည်းမဟုတ် မင်းတို့အကြောင်းငါအကုန်သိပါတယ်ကွာ မင်းတို့စကားယုံပြီး အရင်လာကြည့် နာရီဝက်လောက်စောင့်ရမှာ Jay အဲ့ကောင်လာရင် ဘာအရင်ပြောမယ်ထင်လဲ"
"ပြောပါဦး"
"Sorry ငါ့ကောင်တို့ရာ ငါကားပိတ်နေလို့ နည်းနည်းနောက်ကျသွားတာ......အင်းသေချာတယ် အဲ့စကားစပြောမှာ"
"ဟားဟား"
"ဒီမှာ ညီလေးတို့မှာထားတဲ့ Coffee နဲ့ မုန့်တွေရပါပြီ"
"ကျေးဇူးပါဗျ"
"ဟိုမှာ Jayလာပြီ"
"ဟျောင့်တို့ sorry ကားနည်းနည်ကျပ်နေတာနဲ့ နောက်ကျသွားတာ"
Jayရဲ့စကားအဆုံး Han binတို့အဖွဲ့လည်း အားရပါးရ ရယ်လိုက်ကျ၏။
"ငါမပြောဘူးလား Gyuvin"
Gyuvin က သဘောကျစွာရယ်ရင်း Jiwoong ကို ခေါင်းညိတ်ပြလိုက်သည်
"ဘာတွေလဲ မင်းတို့က ငါ့အကြောင်းပြောနေကျတာလား"
"မှန်တာပေါ့ကွာ"
"မင်းတို့တွေ အခုတလော ဘာလုပ်ဖြစ်ကျလဲ ငါတို့မဆုံတာ 3လကျော်ပြီမဟုတ်လား"
"ငါကတော့ Basketball အသင်းထဲဝင်ထားတယ်"
"အော် Rickyက Basketball မှာတော်တော့ အဆင်ပြေတာပေါ့"
"မင်းတို့ကရော"
"ဘာလုပ်ရမှာလဲကွာ စာပဲပေါ့ တက္ကသိုလ်ကျောင်းသားဘဝက လွယ်မှမလွယ်ပဲ"