ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီး၏ အရှင်သခင်အိပ်ဆောင်၌
"အရှင် ကျွန်တော်မျိုး ေလျှာက်တင်စရာရှိပါတယ်။"
အင်ပါယာတစ်ခုလုံးမှာ အလှဆုံးဟု သတ်မှတ်ခံထားရတဲ့ အဆင့်တစ်အကြံပေးအမတ်က မကြည်မလင်မျက်နှာနဲ့ဆိုလေသည်။
"လျှောက်တင်စေ။"
မင်းကြီးကစကားလမ်းကြောင်းဖွင့်ပေးသည်နှင့်
" အရှင်ပဲမိန့်တော်မူခဲ့တယ်လေ။ အိုမီဂါတွေအတွက် တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲတဲ့နေရာမှာအကြံပေးရင် ကျွန်တော်မျိုးလိုချင်တာ တောင်းယူဖို့ ပြောခဲ့ပါတယ်အရှင်။"
အမတ်တွေရဲ့သဝဏ်လွှာဖတ်နေရင်းပဲ မင်းကြီးက ထောက်ခံကြောင်းခေါင်းညိတ်ပြလိုက်သည်။
အကြံပေးအမတ်ပြောတာမှန်ပါသည်။
သူတို့နေထိုင်တဲ့ ရှင်းယွမ်လောကမှာ လူတွေကို
ယောက်ျား၊ မိန်းမ ဆိုတဲ့လိင်နှစ်မျိူအပြင် အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ ဟူ၍ထပ်ခွဲခြားနိုင်သေးသည်။အယ်လ်ဖာယောက်ျား၊မိန်းမတွေက ဘယ်နေရာမှာမဆို ခေါင်းဆောင်နိုင်ကြသည်။စိတ်ေရာကိုယ်ပါသန်မာကြသည်။
အိုမီဂါတွေမှာတော့ အယ်လ်ဖာနဲ့ဆန့်ကျင်ဘက်ပင်။ အစစအရာရာနူးညံ့ကြသည်။လှပကြသည်။ အိုမီဂါ ယောက်ျား၊ မိန်းမတိုင်းဟာ အယ်လ်ဖာတွေနဲ့ပေါင်းဖက်ပြီး ကိုယ်ဝန်ဆောင်နိုင်ကြတယ်။
အယ်လ်ဖာရော အိုမီဂါတွေပါ ဖယ်ရိုမုန်း(pheromones)လို့ခေါ်တဲ့ကိုယ်ပိုင်ရနံ့ေတွကို လည်ပင်းရဲ့ဂုတ်ပေါ်ကအကျိတ်ဖုလေး(gland)ကနေ ထုတ်ေပးကြတယ်။ ရနံ့တွေကို တစ်ဖက်သူကို ဖိနှိပ်ရန်၊တိုက်ခိုက်ရန်၊ ဆွဲဆောင်ရန် စသဖြင့် အမျိူးမျိုးအသုံးပြုကြတယ်။ စိတ်ခံစားချက်အလိုက်လည်း ရနံ့ထုတ်လွှတ်တာ ကွာခြားကြတယ်။
အယ်လ်ဖာနဲ့အိုမီဂါဟာ ပေါင်းဖက်မည်ဆိုလျှင် အိုမီဂါရဲ့ လည်ပင်းက ရနံ့ထွက်ရာ အကျိတ်ဖုလေးကို အယ်လ်ဖာအစွယ်နဲ့ ကိုက်ဖောက်ရသည်။ ထိုသို့လုပ်ခြင်းကို အမှတ်ပေးခြင်းလို့ခေါ်သည်။ အမှတ်ပေးရာမှာ ယာယီအမှတ်ပေးခြင်းနှင့် ထာဝရအမှတ်ပေးခြင်းဟူ၍ရှိသေးသည်။
YOU ARE READING