မင်းမှာသစ္စာ လူမှာကတိ

339 19 0
                                    

ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီး‌၏ အရှင်သခင်အိပ်ဆောင်၌

"အရှင် ကျွန်တော်မျိုး ‌ေလျှာက်တင်စရာရှိပါတယ်။"

အင်ပါယာတစ်ခုလုံးမှာ အလှဆုံးဟု သတ်မှတ်ခံထားရတဲ့ အဆင့်တစ်အကြံပေးအမတ်က မကြည်မလင်မျက်နှာနဲ့ဆိုလေသည်။

"လျှောက်တင်စေ။"

မင်းကြီးကစကားလမ်းကြောင်းဖွင့်ပေးသည်နှင့်

" အရှင်ပဲမိန့်တော်မူခဲ့တယ်လေ။ အိုမီဂါတွေအတွက် တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲတဲ့နေရာမှာအကြံပေးရင် ကျွန်တော်မျိုးလိုချင်တာ တောင်းယူဖို့ ပြောခဲ့ပါတယ်အရှင်။"

အမတ်တွေရဲ့သဝဏ်လွှာဖတ်နေရင်းပဲ မင်းကြီးက ထောက်ခံကြောင်းခေါင်းညိတ်ပြလိုက်သည်။

အကြံပေးအမတ်ပြောတာမှန်ပါသည်။
သူတို့နေထိုင်တဲ့ ရှင်းယွမ်လောကမှာ လူတွေကို
ယောက်ျား၊ မိန်းမ ဆိုတဲ့လိင်နှစ်မျိူအပြင် အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ ဟူ၍ထပ်ခွဲခြားနိုင်သေးသည်။

အယ်လ်ဖာယောက်ျား၊မိန်းမတွေက ဘယ်နေရာမှာမဆို ခေါင်းဆောင်နိုင်ကြသည်။စိတ်‌ေရာကိုယ်ပါသန်မာကြသည်။

အိုမီဂါတွေမှာတော့ အယ်လ်ဖာနဲ့ဆန့်ကျင်ဘက်ပင်။ အစစအရာရာနူးညံ့ကြသည်။လှပကြသည်။ အိုမီဂါ ယောက်ျား၊ မိန်းမတိုင်းဟာ အယ်လ်ဖာတွေနဲ့ပေါင်းဖက်ပြီး ကိုယ်ဝန်ဆောင်နိုင်ကြတယ်။

အယ်လ်ဖာရော အိုမီဂါတွေပါ ဖယ်ရိုမုန်း(pheromones)လို့ခေါ်တဲ့ကိုယ်ပိုင်ရနံ့‌ေတွကို လည်ပင်းရဲ့ဂုတ်ပေါ်ကအကျိတ်ဖုလေး(gland)ကနေ ထုတ်‌ေပးကြတယ်။ ရနံ့တွေကို တစ်ဖက်သူကို ဖိနှိပ်ရန်၊တိုက်ခိုက်ရန်၊ ဆွဲဆောင်ရန် စသဖြင့် အမျိူးမျိုးအသုံးပြုကြတယ်။ စိတ်ခံစားချက်အလိုက်လည်း ရနံ့ထုတ်လွှတ်တာ ကွာခြားကြတယ်။
အယ်လ်ဖာနဲ့အိုမီဂါဟာ ပေါင်းဖက်မည်ဆိုလျှင် အိုမီဂါရဲ့ လည်ပင်းက ရနံ့ထွက်ရာ အကျိတ်ဖုလေးကို အယ်လ်ဖာအစွယ်နဲ့ ကိုက်ဖောက်ရသည်။ ထိုသို့လုပ်ခြင်းကို အမှတ်ပေးခြင်းလို့ခေါ်သည်။ အမှတ်ပေးရာမှာ ယာယီအမှတ်ပေးခြင်းနှင့် ထာဝရအမှတ်ပေးခြင်းဟူ၍ရှိသေးသည်။

အများအကျိုးဆောင် ကိုယ်ကျိုးအောင်/ အများအကျိုးဆောင် ကိုယ်ကျိုးအောင်Where stories live. Discover now