ကိုယ်ကျိုးအတွက်က တစ်မှုန်၊နှစ်မှုန်စာပဲ။

157 10 14
                                    

"ဒီက ဟွားယွီနော်။ ကိုယ်က ဖန်ရှင်းပါ။ "

ကြည်လင်အေးမြလှတဲ့ အသံလေး ထွက်‌လာတော့မှ ရိပေါ် နှုတ်ခမ်းအောက်ကမှဲ့လေးဆီက လွတ်မြောက်နိုင်တော့တယ်။

"ဟွား ယွီ? ဪ အဟမ်း ဟုတ်ကဲ့။ တွေ့ရတာဝမ်းသာပါတယ်။"

အလှလေးကို ငေးနေတာနဲ့ ရိပေါ်ကိုယ်တိုင် လောယွီအား ချီးမြှောက်ထားတဲ့ ဘွဲ့နာမည်ကိုတောင်မေ့တော့မလို့ပင်။

လောယွီမှာ အမည်ရင်း ရှိ‌ေသာ်လည်း လူတကာခေါ်၍မရပေ။ ဘွဲ့အမည်ချီး‌ေမြာက်ခံထားရသူတိုင်းသည် မိသားစုနှင့်အရင်းနှီးဆုံးသူများမှမဟုတ်လျှင် ထိုဘွဲ့အမည်ကိုသာခေါ်ကြရသည်။
ရိပေါ်ဆိုလျှင် ဧကရာဇ်ဝမ်ရှဲ့ ဟူ၍သာ တိုင်းပြည်တစ်ဝှမ်း၌သိကြသည်။

" အရင် စားစရာမှာလိုက်ကြရအောင်။ "

ပြောပြီးတာနဲ့ ကြင်ဖက်လေးက စားပွဲပေါ်က ခေါင်းလောင်းလေး တီးလိုက်သည်။

ဟုတ်တယ်၊ ကြင်ဖက်လေး။ အခုကြင်ဖက်တွေ့နေတာပါဆို တစ်ဖက်လူက သူ့ကြင်ဖက်ပဲပေါ့။

ခေါင်းလောင်းတီးပြီး သိပ်မကြာ။ ခပ်ပိန်ပိန် လူငယ်စာပွဲထိုး တစ်ယောက် ရောက်လာသည်။ ကြင်ဖက်လေးက လေးစားသမှုနဲ့ မှာပေးသည်။

ဟုတ်ပါ‌တယ်လေ။ အယ်လ်ဖာ ဆိုတာ ဒီလိုစရိုက်မျိုးပဲလေ။ ဦးဆောင်ဦးရွက်ပြုချင်တာမျိုးပေါ့။
ဒါပေမယ့် သူ့ကြင်ဖက်လေးက အရမ်းကောင်းသည်။ သေသေချာချာ၊စေ့စေ့စပ်စပ် မှာပေးသည့်အပြင်ကို ကိုယ့်ကိုပါ မေးသေးသည်။ တစ်ဖက်သားအတွက် စဉ်းစားပေးတတ်လိုက်တာ။

စာပွဲထိုးကောင်လေး ထွက်သွားတော့မှ ကြင်ဖက်လေးကစကားဆိုသည်။

"ဟွားယွီ က အကြံပေးအမတ်ဆိုတော့ တကယ်ကို ထူးချွန်ထက်မြက်တဲ့သူပါပဲ။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့တာတွေ ကြားဖူးတာ အများကြီးပါပဲ။ "

ကြင်ဖက်‌ေလးက လောယွီကို ချီးကျူးနေတာပေမယ့် လောယွီ ရဲ့ နောက်ကွယ်မှာ ရှိနေတာ ကိုယ်လေ။ ဒါကြောင့် ကိုယ့်ကို ချီးကျူးနေတယ်လို့ပဲမှတ်လိုက်ပြီး ပျော်နေရသည်။

အများအကျိုးဆောင် ကိုယ်ကျိုးအောင်/ အများအကျိုးဆောင် ကိုယ်ကျိုးအောင်Where stories live. Discover now