အယ်လ်‌ဖာကောင်က အလှလေး

183 14 3
                                    

အိမ်ရှေ့စံဝမ်ရိပေါ်၊ အကြံပေးအိမ်တော်မှ လောယွီ၊ စစ်သူကြီးအိမ်တော်မှ ရှောင်းချန် တို့သုံးဦးမှာ သွားအတူ၊ လာအတူ၊ကစားအတူ သူငယ်ချင်းအရင်းကြီးများပင်။ ငါးနှစ်အရွယ်ထဲက နန်းတော်ထဲ၌ပင် ပညာအတူသင်ယူခဲ့ကြရသည်။
အိမ်ရှေ့စံနဲ့ လောယွီမှာ အသက်မတိမ်းမယိမ်းလေးသာဆိုပေမယ့် ရှောင်းချန်ကတော့ သူတို့ထက်ခြောက်နှစ်တောင်ကြီးသူဖြစ်သည်။ အိမ်ရှေ့စံအား အနီးကပ်စောင့်ရှောက်ရန် ဘုရင်ကြီးမှ တာဝန်ပေးအပ်ထားသဖြင့် နန်းတော်၌ပညာထပ်မံသင်ယူစေသည်။

ဝမ်ဘုရင်ကြီး၌ အိမ်ရှေ့စံဝမ်ရိပေါ်တစ်ဦးတည်းသာ ထွန်းကားသဖြင့် ထီးနန်းအတွက် စိတ်ပူစရာမလိုပေ။

လောယွီသည်လည်း  တစ်ဦးတည်းသောသားဖြစ်သည့်အပြင် အိုမီဂါဖြစ်၍ ဖူးဖူးမှုတ်ခံထားရသူပင်ဖြစ်သည်။

ရှောင်းချန်မှာ ရှောင်းစစ်သူကြီး၏အကြီးဆုံးသားဖြစ်ပြီး အယ်လ်ဖာတစ်ယောက်ဖြစ်သည်။ သုံးနှစ်ငယ်သောညီငယ်တစ်ယောက်ရှိပြီး
ညီငယ်ဖြစ်သူမှာလည်း အယ်လ်ဖာပင်။

ရှောင်းစစ်သူကြီးဆိုသူမှာ ဝမ်အင်ပါယာ၏အားကိုးယုံကြည်ရဆုံးသူတစ်ယောက်ပင်။ ဝမ်ဘုရင်ကြီး၏အချစ်ဆုံးသူငယ်ချင်းဟုပြောရင်လည်း မမှားပေ။
ရှောင်းသခင်မမှာ သူ့ခေတ်သူ့အခါက အလှဆုံးအိုမီဂါဖြစ်ခဲ့ပြီး ကုန်သည်အသင်း၏သခင်မဖြစ်သည်။ ယခု သူမ၏လုပ်ငန်းများကို သားငယ် ရှောင်းရန်က ဦးစီးနေသည်။
ထို့ကြောင့် ရှောင်းအိမ်တော်မှာ ဝမ်အင်ပါယာ၌ တော်ဝင်မိသားစုပြီးလျှင် အာဏာအရှိဆုံးပင်ဖြစ်သည်။

ရှောင်းမိသားစုတွင် ရင်နာစရာဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးသည်။ ရှောင်းသခင်မမှာ မိဖုရားကြီး ရိပေါ်ကို ကိုယ်ဝန်စရှိစဥ်က တတိယကလေးရှိခဲ့သော်လည်း မွေးဖွားပြီးမကြာခင်တွင်ပင် သေဆုံးသွားခဲ့သည်။ ရှောင်းအိမ်တော်မှ အစေခံများပြောကြသည်မှာတော့ တတိယသခင်လေးမှာ အိုမီဂါတစ်ယောက်၊ မွေးကင်းစကပင် အလွန်လှပပြီး မွေးဖွားစဉ်က ကြာပန်းရနံ့များ မြို့တစ်ခွင်သင်းပျံ့သွားသည်ဟုပင်။

မည်သို့ပင်ဖြစ်စေ ရှောင်းမိသားစုအတွက်တော့ ဝမ်းနည်းဖွယ်ကိစ္စတစ်ရပ်ပင်။
ထိုကိစ္စကြောင့်ရယ်လားပင် ရှောင်းချန်မှာ ‌အမြဲလိုလိုဒေါသကြီးနေတတ်သူဖြစ်သည်။

အများအကျိုးဆောင် ကိုယ်ကျိုးအောင်/ အများအကျိုးဆောင် ကိုယ်ကျိုးအောင်Where stories live. Discover now